❓အသက် ၅၀ ကျော်လာလျှင် အရိုးပွအရိုးပါးခြင်းခံစားရနိုင်ပြီး အရိုးကျိုးနိုင်ခြေရှိတာ သိပါသလား❓
🦴အရိုးပွရောဂါသည် အသံတိတ်ရောဂါတစ်ခုဖြစ်ပြီး အမျိုးသမီးများရော အမျိုးသားများတွင်ပါ
ဖြစ်နိုင်သော ရောဂါဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အရိုးပွအရိုးပါးခြင်းသည် လက္ခဏာပြလေ့မရှိပဲ ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း ၊ အရိုးကျိုးခြင်းတို့ခံစားရမှသာ မိမိ တွင် အရိုးပွနေကြောင်းသိရှိတတ်ပါတယ်။
အသက် ၅၀ကျော်လာလျှင် အမျိုးသမီး ၃ ယောက်တွင် ၁ ယောက် ၊ အမျိုးသား ၅ ယောက်မှာ ၁ ယောက် တို့သည် အရိုးပွခြင်းခံစားရပြီး အရိုးကျိုးနိုင်ခြေရှိပါတယ်။
🦴အရိုးပွရောဂါသည် ရှောင်လွှဲလို့မရသည့် ရောဂါ မဟုတ်ပါ။အရိုးပွခြင်းမဖြစ်အောင်ကာကွယ်နိုင်မည့်
နည်းလမ်းများစွာရှိပါတယ်။
🦴ထို့ကြောင့် ကျန်းမားသောအရိုးများနှင့် အရိုးကျိုးခြင်းကင်းဝေးသော အနာဂတ်ရရှိဖို့ လုပ်ဆောင့်သင့်
သည့် အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
1️.လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ (Exercise)
- အရိုးနှင့်ကြွက်သားများနေ့စဉ်လှုပ်ရှားမှုရရှိပြီးကျန်းမာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းများ
ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။(အနည်းဆုံး တစ်ပတ်လျှင် ၃ ရက်ခန့် ) - ပြေးခြင်း ၊ ကြိုးခုန်ခြင်း ၊ လှေကားတက်ခြင်း ၊ ကခုန်ခြင်း ၊ aerobic ခြင်း ၊ သင့်တင့်သော
အလေးမခြင်း စသည့် လေ့ကျင့်ခန်းတွေသည် အရိုးနှင့်ကြွက်သား ကျန်းမာစေပါတယ်။
2️. အာဟာရ ပြည့်စုံစွာစားသောက်ပါ။ ( Nutrition ) - Vitamin D ၊ ကယ်လ်ဆီယမ် နှင့် ပရိုတင်းဓာတ်များသည် အရိုးကျန်းမာရေးအတွက်
အရေးကြီးသော အာဟာရများဖြစ်ပါတယ်။ - နို့၊ နို့ထွက်ပစ္စည်း၊ ဆော်မွန်၊ ဆာဒင်းငါး တူနာငါး ၊ အစေ့အဆံ၊ တို့ဖူး၊ ဂေါ်ဖီ စသည့်
အရိုးကျန်းမာစေသော အစားအစားများစားသုံးသင့်ပါတယ်။ - မနက်ခင်းနေရောင်ခြည်ခံခြင်းဖြင့်လည်း Vitamin D ရရှိနိုင်ပါတယ်။
3️. ကျန်းမာရေးနှင့်ညီညွှတ်စွာနေထိုင်ပါ။ ( Lifestyle ) - ကိုယ်အလေးချိန် အဝမလွန်စေခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အရက်အလွန်အကျွံမသောက်ခြင်း စသည့် ကျန်းမာရေးနှင့်ညီညွှတ်သော နေထိုင်မှုပုံစံများ
ကျင့်သုံးနေထိုင်သင့်ပါတယ်။
4️. အရိုးပွခြင်း ဖြစ်နိုင်ချေရှိမရှိ ဆန်းစစ်ပါ။(Risk Factors) - အသက်အရွယ်ကြီးရင့်သူများ
- အရိုးကျိုးခဲ့ဖူးသူများ
- မိသားစုတွင် အရိုးပွရောဂါရှိသူများ
- သွေးဆုံးပြီးသူများ
- steroids ဆေးဝါးများကြာရှည်စွာသောက်နေရသူများ အနေဖြင့်
အရိုးပွရောဂါ ဖြစ်နေခြေရှိ မရှိ စစ်ဆေးသင့်ပါတယ်။
5️. စစ်ဆေးကုသမှုခံယူပါ။(Testing & Treatment) - အရိုးပွရောဂါသည် အသံတိတ်ရောဂါဖြစ်သောကြောင့် အရိုးကျန်းမာရေးစစ်ဆေးမှုများကြိုတင်
ပြုလုပ်သင့်ပါတယ်။ - လိုအပ်ပါက ဆေးဝါးများသောက်သုံးခြင်း ၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်ခြင်းတို့ဖြင့် အရိုးပွ
အရိုးကျိုးခြင်းတို့ မဖြစ်စေရန် ကာကွယ်နိုင်မည် ဖြစ်ပါတယ်။



