အစားအစာနှင့်ကျန်းမာရေး 🌶️💪🏻

ယနေ့ခေတ်လူငယ်တွေကြား နှစ်ခြိုက်စွာစားသုံးလာတဲ့ အစားအစာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ ပူပူစပ်စပ် အစားအစာတွေပဲဖြစ်ပါတယ်။
အပူအစပ်စားခြင်းကြောင့် ကျန်းမာရေးကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးအချို့လဲ ရှိနေပါတယ်။

ပထမဦးဆုံးအနေနှင့် အပူအစပ်စားခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးလေးတွေကိုဖော်ပြပေးလိုက်ပါတယ်

အပူအစပ်တွေကို သင့်တင့်စွာစားသုံးမယ်ဆိုရင်တော့
🍃ခန္ဓာကိုယ်အလေးချိန်တွေထိန်းသိမ်းပေးနိုင်ခြင်း။
🍃 နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း။
🍃ကင်ဆာဖြစ်နိုင်ချေတွေလဲလျှော့ချပေးနိုင်ခြင်း။
🍃အူလမ်းကြောင်းတွင်းရောင်ရမ်းမှုတွေကိုလဲ သက်သာနိုင်စေနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုခံစားရစေပြီးတော့

တန်ဆေးလွန်ဘေး ဆိုတဲ့ အတိုင်း အပူအစပ်တွေကို ပုံမှန်ထပ်များများစားသုံးမယ်ဆိုလျှင်တော့
🍂ရင်ပူခြင်း
🍂 ဗိုက်အောင့်နာခြင်း
🍂 ဝမ်းလျှောခြင်း၊ပျို့အန်ခြင်း
🍂 ရင့်ဘတ်အောင်ခြင်း
🍂 ခေါင်းကိုက်ခြင်းတွေကို ခံစားရနိုင်ပါတယ်။

အပူအစပ်တွေစားသုံးခြင်းကြောင့် အစာအိမ်အနာတွေမဖြစ်နိုင်သော်လည်း အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာရှိသူတွေ၊အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါရှိသူတွေ၊အစာအိမ်အနာရှိပြီးသူတွေအနေဖြင့် ပူပူစပ်စပ်အစားအစာတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် ခုခေတ်လူငယ်တွေအနေဖြင့် အပူအစပ်တွေကို Limit ထားပြီးစားသုံးသင့်တယ်ဆိုတဲ့အကြောင်း ဗဟုသုတ အနေဖြင့်ဖော်ပြပေးလိုက်ပါတယ်….

Related Blog