အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆိုတာ စည်းလုံးညီညွတ်တဲ့ လူမှုအသိုက်အဝန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လူငယ်တွေရဲ့ ကဏ္ဍဟာ အဓိကကျတဲ့အကြောင်း အသိပေးတဲ့နေ့ဖြစ်ပါတယ်။ဒီနေ့ဟာတော့ လူငယ်တွေအတွက် 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐃𝐚𝐲 တွေထဲကတစ်ခုပါဘဲ။🥂
ထိုနေ့တွင် လူငယ်တွေကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ကိုင်တွယ်ဖြေရှင်းနည်းများ၊လူငယ်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ၊လူငယ်တွေသိထားသင့်တဲ့ မျိုးဆက်ပွားကျန်းမာရေး အခွင့်အရေးများအကြောင်း ဆွေးနွေးဖလှယ်ကြတဲ့ပွဲများကျင်းပလေ့ရှိပါတယ်။🫂
အနာဂါတ်ဟာ ကျွန်တော်တို့လူငယ်တွေရဲ့လက်ထဲမှာပါ။ ဒီနေ့မှာ လူငယ်တွေ ဘာလုပ်နေလဲပေါ် မူတည်ပြီး အနာဂါတ်ဟာအများကြီးပြောင်းလဲသွားနိုင်ပါတယ်။🌟
ဒါကြောင့် နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ (၁၂) ရက်နေ့ကို မိမိတို့လူမှုဝန်းကျင် တိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် အားထုတ်ကြိုးပမ်းလျက်ရှိသော လူငယ်များ၏ ကြိုးစားအားထုတ်မှုများ၊ ဆန်းသစ်သောတီထွင်ဖန်တီးမှုများကို အားပေးအသိအမှတ်ပြုရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝှမ်းလုံး၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐘𝐨𝐮𝐭𝐡 𝐃𝐚𝐲) ကိုကျင်းပလေ့ရှိကြောင်း ဗဟုသုတရဖွယ်ပြန်လည်ဝေမျှပေးလိုက်ပါတယ်ရှင်။🎉