ကျောက်ကပ်ရောဂါဆိုတာ လူကြီးလူငယ်မရွေးတွေ့ကြုံခံစားနေကြရတဲ့ရောဂါတစ်ခုဖြစ်တဲ့အပြင် ကုသမှုခံယူတဲ့အခါ လူလည်းပင်ပန်း၊ ငွေလည်းအလွန်ကုန်တဲ့ရောဂါဖြစ်ပါတယ်။😫

ကျောက်ကပ်ရောဂါဆိုတာ လူကြီးလူငယ်မရွေးတွေ့ကြုံခံစားနေကြရတဲ့ရောဂါတစ်ခုဖြစ်တဲ့အပြင် ကုသမှုခံယူတဲ့အခါ လူလည်းပင်ပန်း၊ ငွေလည်းအလွန်ကုန်တဲ့ရောဂါဖြစ်ပါတယ်။😫
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အားလုံးဟာ သူ့ပုံစံနဲ့သူ အရေးကြီးတဲ့အလျောက် ကျောက်ကပ်ဟာလည်း ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးကြီး လုပ်ဆောင်ပေးနေလဲဆို‌တော့…
💢ခန္ဓာကိုယ်တွင်းမှ အညစ်အကြေး နှင့် မလိုအပ်သောအရည်များကို စွန့်ထုတ်ပေးခြင်း
💢သွေးတွင်း အဆိပ်အတောက်များကို စစ်ထုတ်ပေးခြင်း
💢သွေးနီဥဆဲလ်များ ပြုလုပ်ရာတွင် ထောက်ကူပေးခြင်း
💢အရေးကြီးသော ဗိုက်တာမင်နှင့်သတ္တုဓာတ်များကို ထိန်းညှိပေးခြင်း
💢သွေးပေါင်ချိန် ထိန်းညှိရာတွင် အထောက်အကူပေးခြင်း စတဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။
ကျောက်ကပ်ရောင်ရောဂါလက္ခဏာတွေကတော့
✅ ခန္ဓာကိုယ်ဖောရောင်ခြင်း
✅ သွေးတိုးခြင်း
✅ ဆီးနည်းခြင်း
✅ ညဘက်တွင် ဆီး ပုံမှန်ထက်ပိုသွားခြင်း
✅ ဆီးတွင် သွေးပါခြင်း စတဲ့ရောဂါလက္ခဏာတွေဖြစ်လာပြီဆိုရင်ဆရာဝန်နဲ့စောစီးစွာ ပြသကုသဖို့လိုပါတယ်။
🚨အထက်ဖော်ပြပါလက္ခဏာများ မရှိသော်လည်း ဆေးစစ်ကြည့်သောအခါ ဆီးတွင် (𝐀𝐥𝐛𝐮𝐦𝐢𝐧+ (𝐨𝐫) 𝐏𝐫𝐨𝐭𝐞𝐢𝐧+) ပါနေခြင်းကလည်း ကျောက်ကပ်ရောင်ခြင်းလက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ကျောက်ကပ်မပျက်စီးခင်မှာ ဖြစ်ပေါ်တတ်တဲ့ ကျောက်ကပ်ရောင်ရောဂါလက္ခဏာ‌တွေကို သေချာသိရှိထားမယ်ဆိုရင်ဆရာဝန်နဲ့စောစီးစွာ ပြသကုသနိုင် မှာဖြစ်ပြီး ကျောက်ကပ်မပျက်စီးအောင် အချိန်မီကာကွယ်နိုင်မှာဖြစ်ပါတယ်။
မိဘပြည်သူများအားလုံး ကျန်းမာတဲ့ လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် ဗဟုသုတရဖွယ် ကျန်းမာရေးအကြောင်းအရာများကို မျှဝေပေးအပ်ပါတယ်ရှင်။