ပိုးလေးဖက်နာနှင့် နှလုံးရောဂါကို အချိန်မီကာကွယ်နိုင်မည့် 𝐀𝐒𝐎 𝐓𝐞𝐬𝐭

ပိုးလေးဖက်နာနှင့် နှလုံးရောဂါကို အချိန်မီကာကွယ်နိုင်မည့် 𝐀𝐒𝐎 𝐓𝐞𝐬𝐭 ကို 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 တွင် စတင်စစ်ဆေးနိုင်ပါပြီ!

မကြာခဏ လည်ချောင်းနာတတ်ပါသလား?

အကြောင်းအရင်းမသိဘဲ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲနေပါသလား?

သာမန်လည်ချောင်းနာခြင်းကို ပေါ့ဆစွာထားမိပါက ကလေးသူငယ်များနှင့် လူငယ်များတွင် ပိုးလေးဖက်နာ (𝐑𝐡𝐞𝐮𝐦𝐚𝐭𝐢𝐜 𝐅𝐞𝐯𝐞𝐫) ကဲ့သို့သော နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ပြီး၊ အဆိုပါရောဂါမှတစ်ဆင့် အသက်အန္တရာယ်ရှိသော နှလုံးအဆို့ရှင်ပျက်စီးခြင်း (𝐑𝐡𝐞𝐮𝐦𝐚𝐭𝐢𝐜 𝐇𝐞𝐚𝐫𝐭 𝐃𝐢𝐬𝐞𝐚𝐬𝐞) အထိ ဖြစ်စေနိုင်ပါတယ်။🚨

ယခုအခါမှာတော့ ဒီလိုအခြေအနေတွေကို တိကျစွာစစ်ဆေးနိုင်ဖို့အတွက် အရေးပါတဲ့ 𝐀𝐒𝐎 (𝐀𝐧𝐭𝐢-𝐒𝐭𝐫𝐞𝐩𝐭𝐨𝐥𝐲𝐬𝐢𝐧 𝐎) 𝐓𝐞𝐬𝐭 ကို 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှာပဲ အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် လာရောက်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

𝐀𝐒𝐎 𝐓𝐞𝐬𝐭 ဆိုတာဟာ သင့်ခန္ဓာကိုယ်ထဲကို 𝐒𝐭𝐫𝐞𝐩𝐭𝐨𝐜𝐨𝐜𝐜𝐮𝐬 (စထရပ်တိုကောကပ်စ်) ဘက်တီးရီးယားပိုး ဝင်ရောက်ခဲ့ဖူးခြင်း ရှိ၊ မရှိကို သွေးစစ်ပြီး ရှာဖွေတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။ သွေးထဲမှာ 𝐀𝐒𝐎 ပမာဏမြင့်တက်နေခြင်းဟာ လတ်တလောကာလအတွင်းမှာ 𝐒𝐭𝐫𝐞𝐩 ပိုးဝင်ရောက်ခဲ့ပြီး၊ ပိုးလေးဖက်နာကဲ့သို့သော နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ခြေရှိကြောင်း ညွှန်ပြတဲ့ အရေးကြီးတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။

✅ ဘယ်လိုလူတွေ 𝐀𝐒𝐎 𝐓𝐞𝐬𝐭 စစ်ဆေးသင့်သလဲ?

မကြာခဏ သို့မဟုတ် ပြင်းထန်စွာ လည်ချောင်းနာ တတ်သူများ (အထူးသဖြင့် ကလေးများ)။

လည်ချောင်းနာပြီးနောက် အဖျားတက်ပြီး အဆစ်အမြစ်များ ရွှေ့ပြောင်းနာကျင် သူများ။

ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း စသည့် လက္ခဏာများ ခံစားနေရသူများ။

အရေပြားပေါ်တွင် အနီကွက်များ၊ အဖုအပိမ့်များ ထွက်ပေါ်လာသူများ။

ယခင်က ပိုးလေးဖက်နာ ဖြစ်ဖူးပြီး ရောဂါအခြေအနေကို ပြန်လည်စစ်ဆေးလိုသူများ စစ်‌ဆေးပေးဖို့လိုအပ်ပါတယ်။ ရောဂါကို စောစီးစွာသိရှိပြီး အချိန်မီကုသကာကွယ်ခြင်းဖြင့် သင်နှင့် သင့်မိသားစု၏ အဖိုးတန်သော နှလုံးကျန်းမာရေးကို ကာကွယ်လိုက်ပါ။💖