“ပိုးလေးဖက်နာ” နဲ့ “သွေးလေးဖက်နာ” ဟာ နာမည်ဆင်တူပြီး အဆစ်အမြစ်နာကျင်တာချင်း တူညီတဲ့အတွက် လူအများစု မှားယွင်းလေ့ရှိတဲ့ ရောဂါနှစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ပွားရတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ ကုသပုံနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမှာ လုံးဝကွဲပြားခြားနားပါတယ်။
၁။ ပိုးလေးဖက်နာ (𝐑𝐡𝐞𝐮𝐦𝐚𝐭𝐢𝐜 𝐅𝐞𝐯𝐞𝐫)
ပိုးလေးဖက်နာဆိုတာဟာ 𝐒𝐭𝐫𝐞𝐩𝐭𝐨𝐜𝐨𝐜𝐜𝐮𝐬 (စထရပ်တိုကောကပ်စ်) ဘက်တီးရီးယားပိုး ကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်းကို စနစ်တကျ မကုသမိရာကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရောင်ရမ်းမှုရောဂါ တစ်မျိုးပါ။ ဒါဟာ ကိုယ်ခံအားစနစ်ရဲ့ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး အဆစ်အမြစ်၊ နှလုံး၊ ဦးနှောက်နဲ့ အရေပြားတို့ကို ထိခိုက်စေနိုင်ပါတယ်။
အထူးသဖြင့် နှလုံး နှင့် အဆစ်အမြစ်များ ကို တိုက်ခိုက်လေ့ရှိပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့်
နှလုံးလေးဖက်နာ (𝐑𝐡𝐞𝐮𝐦𝐚𝐭𝐢𝐜 𝐇𝐞𝐚𝐫𝐭 𝐃𝐢𝐬𝐞𝐚𝐬𝐞) ဖြစ်စေကာ နှလုံးအဆို့ရှင်တွေကို ပျက်စီးစေတာက အန္တရာယ်အရှိဆုံး ဖြစ်ပါတယ်။အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးများနှင့် ဆယ်ကျော်သက်များ မှာ အဖြစ်များပါတယ်။ကုသပုံကတော့ ပိုးသတ်ဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေနဲ့ ရောင်ရမ်းကျဆေးတွေပေးပြီး ကုသရပါတယ်။
၂။ သွေးလေးဖက်နာ (𝐑𝐡𝐞𝐮𝐦𝐚𝐭𝐨𝐢𝐝 𝐀𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬 – 𝐑𝐀)
သွေးလေးဖက်နာဆိုတာဟာ ကိုယ်ခံအားစနစ် မှားယွင်းမှု (𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞 𝐃𝐢𝐬𝐞𝐚𝐬𝐞) ကြောင့်ဖြစ်တဲ့
နာတာရှည်ရောဂါ တစ်မျိုးပါ။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အဆစ်အမြစ်တွေကို ဖုံးအုပ်ထားတဲ့ အလွှာ (𝐒𝐲𝐧𝐨𝐯𝐢𝐮𝐦) ကို ရန်သူလို့ မှတ်မှားပြီး တိုက်ခိုက်တဲ့အတွက် အဆစ်တွေ နာတာရှည်ရောင်ရမ်းပြီး တဖြည်းဖြည်း ပျက်စီးစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၄၀ မှ ၆၀ ကြား လူလတ်ပိုင်းအရွယ် တွေမှာ အဖြစ်များပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
အဓိကအားဖြင့် အဆစ်အမြစ်များ (အထူးသဖြင့် လက်၊ ခြေထောက်ရှိ အဆစ်ငယ်များ)
ထိခိုက်တတ်ပါတယ်။နောက်ပိုင်းမှာတော့ တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်နိုင်ပါတယ်။
အထူးသဖြင့် မနက်အိပ်ရာထချိန်မှာ အဆစ်များ တောင့်တင်းနေခြင်း (𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐒𝐭𝐢𝐟𝐟𝐧𝐞𝐬𝐬) က အဓိက လက္ခဏာ ဖြစ်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အဆစ်များ ပုံပျက်ခြင်း (𝐉𝐨𝐢𝐧𝐭 𝐃𝐞𝐟𝐨𝐫𝐦𝐢𝐭𝐲) နှင့် မသန်စွမ်းဖြစ်ခြင်း အထိ ဖြစ်နိုင်ပါတယ်။ရောဂါကို အရှင်းပျောက်အောင် ကုသလို့မရပါ။ ရောဂါလက္ခဏာများ သက်သာစေရန်နှင့် အဆစ်ပျက်စီးမှုကို နှေးကွေးစေရန် ရည်ရွယ်ပြီး ရောဂါထိန်းဆေး (𝐃𝐌𝐀𝐑𝐃𝐬) များ၊ ရောင်ရမ်းကျဆေးများဖြင့် ရေရှည်ကုသရပါတယ်။
မိမိတွင် အဆစ်အမြစ်နာကျင်ကိုက်ခဲမှုများ ခံစားနေရပါက မိမိဘာသာ ကောက်ချက်မချဘဲ ကျွမ်းကျင်သော ဆရာဝန်နှင့် အမြန်ဆုံးပြသပြီး စနစ်တကျ ရောဂါရှာဖွေစစ်ဆေးကာ ကုသမှုခံယူရန်
အလွန်အရေးကြီးပါသည်။𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 တွင်လည်း ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ပြီး စစ်ဆေးကုသမှုများခံယူနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။![]()
𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎~𝟐𝟏,𝟎𝟗𝟒𝟒𝟒𝟎𝟗𝟗𝟗𝟒𝟏
𝐀𝐝𝐝𝐫𝐞𝐬𝐬 𝟏: 𝐇𝐥𝐞𝐝𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐍𝐨. 𝟑𝐂/ 𝟑𝐃, 𝐑𝐨𝐨𝐦-𝟎𝟔, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐏𝐲𝐚𝐲 𝐚𝐧𝐝 𝐇𝐥𝐞𝐝𝐚𝐧 𝐑𝐨𝐚𝐝, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫