ဘာကြောင့် ညဘက်မှာ ဆီးပိုသွားရတာလဲ

ညအိပ်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခိုက် ဆီးသွားချင်လို့ အိပ်ရာကနိုးလာရတာဟာ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။
ဘာကြောင့် ညဘက်မှာ ဆီးပိုသွားရတာလဲ?ဆိုတာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။
၁။ နေထိုင်မှုပုံစံနှင့် အလေ့အကျင့်များ
အရည်များများသောက်ခြင်း ညအိပ်ရာမဝင်မီ ရေ၊ ဖျော်ရည် ဒါမှမဟုတ် တခြားအရည်တွေ အများအပြားသောက်သုံးခြင်းက ညဘက်မှာ ဆီးအထွက်များစေနိုင်ပါတယ်။ အထူးသဖြင့် ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်လိုမျိုး ဆီးသွားစေတဲ့အာနိသင်ရှိတဲ့ အရည်တွေကို ညနေပိုင်းတွေမှာ ရှောင်သင့်ပါတယ်။
၂။အက်ဆစ်ဓာတ်များတဲ့ အစားအစာများစားသုံးခြင်း
အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေ၊ အစပ်လွန်တဲ့ အစားအစာတွေက ဆီးအိမ်ကို အနှောင့်အယှက်ဖြစ်စေပြီး ညဘက်မှာ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် ထိုအစာများကို အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီခန့်ခြားပြီး အစာစားသင့်ပါတယ်။
၃။ဆီးလမ်းကြောင်းပိုးဝင်ခြင်း (𝐔𝐓𝐈)
ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ နေ့ရောညပါ ဆီးခဏခဏသွားချင်စိတ်ဖြစ်တတ်ပြီး ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်တာ၊ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။
ညဘက်မှာ နှစ်ကြိမ်ထက်ပိုပြီး ပုံမှန်ဆီးထသွားနေရခြင်း။
ဆီးသွားလျှင် နာကျင်ခြင်း၊ ပူလောင်ခြင်း။
ဖျားခြင်း၊ ဗိုက်အောင့်ခြင်း။
နေ့ဘက်တွေမှာ အလွန်အမင်း နုံးချိနေခြင်း။
ခြေထောက်များ ဖောရောင်ခြင်း။အခြေအနေတွေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

Related Blog