မိုးရာသီရဲ့ မဖိတ်ခေါ်ဘဲရောက်လာမယ့်အရာတွေထဲမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကလည်း တစ်ခုအပါအဝင်ပါပဲ။

မိုးရာသီရဲ့ မဖိတ်ခေါ်ဘဲရောက်လာမယ့်အရာတွေထဲမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကလည်း တစ်ခုအပါအဝင်ပါပဲ။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ရလေအောင် ကြိုတင်ကာကွယ်ဖို့အတွက် ဂရုပြုဖွယ်ရာအချက်လက်များကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်☝။
✅ ဝမ်းရောဂါမဖြစ်စေဖို့ သောက်သုံးရေသန့်ရှင်းမှုကလည်း အရေးကြီးတဲ့အရာတစ်ခုပါ။ သောက်ရေအတွက် စနစ်တကျကျိုချက်ပြီး ဆေးကြောသန့်စင်ရာမှာ သုံးတဲ့ သုံးရေအတွက်ပါ သန့်ရှင်းဖို့ကို ဂရုထားသင့်ပါတယ်။
✅ ဒါ့အပြင် ခန္ဓာကိုယ်တွင်းအာဟာရဖြစ်စေဖို့ အစားအသောက်တွေသုံးဆောင်တဲ့အခါ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကိုလည်း သေသေချာချာဆေးကြောပြီး အသားစိမ်း၊ ငါးစိမ်းတွေကို လုံး၀ကျက်သည်အထိ ချက်ပြုတ်ပြီးမှသုံးဆောင်သင့်ပါတယ်။ ဒါ့အပြင် ယင်နားစာများကိုလည်း မစားဖြစ်အောင်ရှောင်ဖို့လိုမယ်နော်။
✅ လက်ဆိုတဲ့အရာက အရာဝတ္ထုတိုင်းကို အမြဲကိုင်တွယ်ထိတွေ့နေရတာဖြစ်တဲ့အတွက် ရောဂါပိုးမွှားတွေကပ်တွယ်နိုင်လွယ်တဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းများကိုလည်း ပုံမှန်ညှပ်ပြီး အစားအစာမချက်ပြုတ်ခင်နှင့် မစားခင်အချိန်တွေမှာ လက်ကို ဆပ်ပြာဖြင့်သေချာဆေးကြောပါ။
🧼 လက်ဆေးတဲ့အချိန်မှာလည်း ပိုးမွှားတွေအကုန်သန့်စင်အောင် ဆပ်ပြာနှင့် စက္ကန့် နှစ်ဆယ် အချိန်ပေးပြီးဆေးဖို့ မမေ့ပါနဲ့။
📝📍 အကယ်၍ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားရပြီဆိုရင် အမြန်ဆုံးသက်သာစေဖို့ အိမ်မှာ ကောင်းမွန်လုံလောက်စွာ အနားယူပါ။ အိပ်ရေးဝဝ အိပ်စက်ပါ။ ရေဓါတ်မခမ်းခြောက်စေဖို့အတွက် ဓါတ်ဆားရည် သောက်သုံးပေးပါ။
❌ ဆီများသောအစားအစာများ ၊ အပူအစပ်များ ၊ အစေ့အဆံများ ၊ အခွံမာသီးများ ၊ အချဉ်ဓါတ်ပါသော အသီးအနှံများ ၊ နို့ထွက်ပစ္စည်းများကို ဝမ်းပျက်ဝမ်းလျှောဖြစ်နေသည့်ကာလအတွင်းမှာ ရှောင်ရှားသင့်ပါတယ်။
✅ ကိုယ်အလေးချိန်များသိသာစွာကျဆင်းခြင်း ၊ အဖျားကြီးခြင်း ၊ ဝမ်းတွင်းသွေးများ ၊ အချွဲများပါပြီး မသက်သာခြင်းများဖြစ်ပါက နီးစပ်ရာကျန်းမာရေးဆေးပေးခန်းများသို့ အမြန်သွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်ရှင်။
အားလုံးပဲ အနာရောဂါဘေးဘယာကင်းကွာပြီး ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

Related Blog