ဆောင်းလေအေးလေးတွေဝင်လာပြီဆိုတော့ လည်ချောင်းခဏခဏနာနေကြပြီလား?
ဒီနေ့မှာတော့ လည်ချောင်းနာခြင်းရဲ့ အကြောင်းအရင်းတွေနဲ့ ကြိုတင်ကာကွယ်နည်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။
❄️ လည်ချောင်းနာခြင်းက ဘာတွေကြောင့် ပိုဖြစ်တာလဲ?
💨ဆောင်းရာသီမှာ လေထုအေးပြီး စိုထိုင်းဆလျော့နည်းသွားတာကြောင့် လည်ချောင်းခြောက်သွေ့တတ်ပါတယ်။
💨အအေးမိခြင်း၊ နှာစေးခြင်းနဲ့ ဗိုင်းရပ်စ်ပိုးတွေကလည်း လေအေးထဲမှာ ပိုပြန့်တတ်တာကြောင့် လည်ချောင်းနာတာ များလာတတ်ပါတယ်။
ရေသောက်နည်းခြင်း၊ မီးခိုးတွေငွေ့တွေ ၊ ဖုန်မှုန့်တွေနဲ့ အထိအတွေ့များခြင်းတွေကလည်း လည်ချောင်းနာခြင်းကိုဖြစ်ပေါ်နိုင်တဲ့အကြောင်းအရင်းတွေပါပဲ။
💧 လည်ချောင်းနာခြင်းကို ဘယ်လိုကြိုတင်ကာကွယ်မလဲ?
📌ရေဓာတ်ပြည့်ဝနေဖို့ ရေနွေးများများသောက်ပါ။
📌ရေခဲနှင့် ဖျော်ရည်အအေးတွေကို တတ်နိုင်သမျှရှောင်ပါ။
ဖုန်ထူထပ်တဲ့နေရာတွေအတွက် 𝐌𝐚𝐬𝐤 ကို မဖြစ်မနေဆောင်ထားပါ။
📌𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂 ကြွယ်ဝတဲ့အသီးအရွက်တွေ (ဥပမာ – လိမ္မော်၊ သံပုရာ၊ ပန်းသီး) စသည်တို့ကို များများစားပေးပါ။
📌ကိုယ်ခံအားမလျော့အောင် အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဆောင်းတွင်းဘက်မှာ လည်းချောင်းနာတာကိုရှောင်ရှားနိုင်ဖို့ ကြိုတင်ကာကွယ်နည်းလေးတွေကို သိသွားလောက်ပြီထင်ပါတယ်။
နောက်ထပ်လည်းဒီလို ကျန်းမာရေးဗဟုသုတတွေကို ပြောပြပေးသွားဦးမှာဖြစ်လို့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လေးလုပ်ထားဖို့ မမေ့နဲ့ဦးနော်။