🔴 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐃𝐚𝐲 🔴

ဇူလိုင်လ (၂၈) ရက်နေ့ဟာ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ (𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐃𝐚𝐲) ဖြစ်ပါတယ်။ ✅
အသည်းရောင်အသားဝါရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် အသည်းကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပြီး အသည်းရောင်အသားဝါ A, B, C, D, E စသဖြင့် အမျိုးအစားများစွာ ရှိပါတယ်။ ✨
ဒီရောဂါတွေဟာ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာနဲ့ အသည်းအလုပ်မလုပ်တော့ခြင်းအထိ ဖြစ်စေနိုင်တာကြောင့် အချိန်မီ ကုသမှုမခံယူရင် အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။❗
“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏” ဟုဆိုသည့်အတိုင်း အသည်းရောင်အသားဝါရောဂါအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို လူတိုင်းပြုလုပ်ထားသင့်ပါတယ်။ ✅
𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှာ အသည်းရောင်အသားဝါရောဂါအတွက် စစ်ဆေးမှုများ၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကုသမှုများကို ကျွမ်းကျင်ဆရာဝန်ကြီးများမှ ခေတ်မီစက်ကိရိယာများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်။ 🩺
ဒါ့ကြောင့် ယနေ့မှာကျရောက်တဲ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ လူတိုင်းအနေနဲ့ မိမိရဲ့ အသည်းကျန်းမာရေးကို ဂရုစိုက်ကြဖို့နဲ့ လိုအပ်ပါက ဆေးစစ်မှုခံယူကြဖို့ကို “𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜” မှတိုက်တွန်းလိုက်ရပါတယ်ရှင့်။ 💚

Related Blog