အောက်တိုဘာလ ၁၀ ရက်ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲) လေးပဲဖြစ်ပါတယ်ရှင့်။![]()
ဒီနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲: 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐌𝐞𝐧𝐭𝐚𝐥 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫” ( လူမှုအဖွဲ့အစည်း- စိတ်ကျန်းမာရေး ကောင်းမွန်အောင် အတူတကွ ပံ့ပိုးကြပါစို့) နဲ့အညီ လူတစ်ဉီးနဲ့တစ်ဉီး တန်ဖိုးထားလေးစားမှုနဲ့ အချင်းချင်း ရိုင်းပင်းကူညီပေးတတ်တဲ့ လူမှုအသိုင်းအဝိုင်းကြောင့် တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းနိုင်ပြီး လူသားတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေကို တိုးတက်စေနိုင်တဲ့ ကဏ္ဍကို မီးမောင်းထိုးပြထားပါတယ်ရှင့်။
နှစ်စဉ်ကျင်းပရတဲ့ ရည်ရွယ်ချက်လေးကတော့
– စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး အများပြည်သူရဲ့ အသိပညာကို မြှင့်တင်ဖို့။
– စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေ၊ ကုသမှုတွေနဲ့ ဝန်ဆောင်မှုတွေကို ပိုမိုလက်လှမ်းမီနိုင်အောင် တိုက်တွန်းဖို့။
– အစိုးရများနဲ့ အဖွဲ့အစည်းများက စိတ်ကျန်းမာရေးဆိုင်ရာ မူဝါဒကောင်းတွေ ချမှတ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ တိုက်တွန်းအားပေးဖို့အတွက်ပဲ ဖြစ်ပါတယ်ရှင့်။![]()
![]()
“စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်” ဆိုတဲ့အတိုင်းပါပဲ။ ကျွန်မတို့အနေနဲ့ စိတ်ချမ်းသာပြီး ပျော်ရွှင်ရတဲ့ လူမှုပတ်ဝန်းကျင်ကို တန်ဖိုးထားကြပါတယ်။ ကိုယ့်ရဲ့စကားကြောင့်ဖြစ်စေ အပြုအမူကြောင့်ဖြစ်စေ တခြားလူရဲ့စိတ်ကို ထိခိုက်စေနိုင်တယ်ဆိုရင် အတတ်နိုင်ဆုံး မပြောမိတာ၊ မလုပ်မိတာ အကောင်းဆုံးပါပဲ။![]()
![]()
ဒါ့ကြောင့် မိမိဘေးပတ်ဝန်းကျင်ကသူတွေရော မိမိကိုယ်တိုင်ကပါ စိတ်ချမ်းသာပြီး အမြဲပျော်ရွှင်နိုင်ဖို့ တစ်ဉီးနဲ့တစ်ဉီး နားလည်စာနာမှုတွေနဲ့ ဘဝကိုရှေ့ဆက်ကြဖို့ တိုက်တွန်းအပ်ပါတယ်ရှင့်။![]()