ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိုင်သော အစားအစာများအကြောင်း (Part-1)

🦠တစ်ကျော့ပြန်ခေါင်းထောင်လာနိုင်တဲ့ Covid – 19 မျိုးကွဲတွေနဲ့ ရာသီတုပ်ကွေးဖျားနာခြင်းတွေကို ကာကွယ်တားဆီးနိုင်ဖို့ဆိုဆိုရင်တော့ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့က အလွန်အရေးကြီးပါတယ်။

🥗ဒါကြောင့် ခန္ဓာကိုယ်အတွက်ကိုယ်ခံအား မြှင့်တင်ပေးနိုင်တဲ့ အစားအစာများ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

🐟 အဆီများသောငါး 🍣

တူနာငါး ၊ ဆယ်လ်မွန်ငါး ၊ငါးသေတ္တာငါး စတဲ့ငါးတွေမှာ Omega 3 ငါးကြီးဆီ ကြွယ်ဝစွာပါဝတာကြောင့် သင့်ကိုယ်ခံအားကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။

🥦 ပန်းဂေါ်ဖီစိမ်း 🥦

Vitamin A ,C,E နဲ့ အမျှင်ဓာတ်တွေပါဝင်ပြီး Antioxidant ထုတ်ပေးနိုင်တာကြောင့် စားသုံသင့်ပါတယ်။

🌶️ ငရုတ်ပွများ🌶️

လိမ္မော်သီးတွေထက် Vitamin C သုံးဆခန့် ပိုမိုပါဝင်တဲ့ ငရုတ်ပွတွေကတော့ ကိုယ်ခံအားကို များစွာမြှင့်တင်းပေးမှာပဲ ဖြစ်ပါတယ်။

💛 ဂျင်း နှင့် နနွင်း 💛

ဟင်းချက်ရာမှာအသုံးပြုလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ဂျင်းမှာ

Vitamin C နဲ့ Antioxidants တွေများစွာပါဝင်ပြီး နနွင်းမှာ ပါဝင်တဲ့ curcumin ဓာတ်ကြောင့်

ကိုယ်ခံအားတက်စေပြီး နာကျင်ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

အထက်ပါဖော်ပြပေးထားသော ဗီတာမင်နှင့်သတ္တုဓာတ် ကြွယ်ဝသော အစားအစားတွေကိုသင့်တင့်မျှတစွာစားသုံးခြင်းက ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ရောဂါပိုးမွှားများကို တိုက်ထုတ်စေနိုင်မှာဖြစ်ပါတယ်။

နောက်ရက်တွေမှာလဲ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့အစားအစာလေးတွေအကြောင်းကို ထပ်ပြီး Sharing လုပ်ပေးမှာမို့ Part -2 လေးကို စောင့်မျှော်ပေးကြပါဦးနော် 🤍🤍

💪ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးစွမ်းနိုင်ရန် အစဉ်မပြတ်ကြိုးစားလျက်………….

Related Blog