တစ်နေ့အိပ်ချိန် ဘယ်လောက်လိုအပ်လဲ?

Sleep is not a luxury, it is a necessity ဆိုတဲ့အတိုင်း အိပ်စက်ခြင်းသည် လူတစ်ယောက်ရှင်သန်နေထိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းတာဝန်တစ်ခုပဲဖြစ်ပါတယ်။ငယ်ရွယ်စဉ်ကလေးဘဝများမှာ စိတ်နှင့်ခန္ဓာကျန်းမာစေပြီး ကြီးထွားဖွံ့ဖြိုးမှုများအတွက် အိပ်ချိန်များများလိုအပ်ပါတယ်။အသက်အရွယ်ကြီးလာသည်နှင့်အမျှအိပ်ချိန်တဖြည်းဖြည်းလျော့နည်းလာကြပါတယ်။အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် တစ်ညမှာ အနည်းဆုံး ၇ နာရီခန့် အိပ်စက်အနားယူပေးဖို့လိုအပ်ပါတယ်။
ကျန်းမာရေးကောင်းမွန်စေဖို့ အိပ်စက်ချိန်ပြည့်ဖို့ လိုအပ်သလို အိပ်စက်သည့်အချိန်အတွင်းမှာလဲ ကောင်းမွန်သောအိပ်စက်ခြင်းဖြစ်ဖို့ အရေးကြီးပါတယ်။ အကယ်၍ ပြည့်စုံလုံလောက်တဲ့ အိပ်စက်မှုမျိုးမရရှိဘူးဆိုလျှင်

😵‍💫မနက်အိပ်ယာနိုးသောအခါစိတ်ကြည်ကြည်လင်လင်မရှိခြင်း၊
😥အားအင်မရှိဖြစ်နေခြင်း၊
🤯စိတ်ရှုပ်ထွေးနေခြင်း၊
😯အာရုံစူးစိုက်မှုလျော့နည်းခြင်း၊
🥱အိပ်ငိုက်ခြင်းတို့ဖြစ်စေတတ်ပါတယ်..ဒီလိုလက္ခဏာတွေခံစားရရင်တော့
မိမိ၏ အိပ်စက်ခြင်းအလေ့အကျင့်ကို စစ်ဆေး ပြုပြင်သင့်ပြီဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။

ဒါကြောင့် တစ်နေ့တာတွင် အသက်အရွယ်အလိုက် အိပ်စက်အနားယူသင့်သည် အချိန်ပမာဏလေးများကိုအထောက်အကူဖြစ်စေရန်ဖော်ပြပေးလိုက်ပါတယ်။

Related Blog