ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်း (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 𝐃𝐞𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲) နှင့် ကာကွယ်ကုသနည်းများ

ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်း (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 𝐃𝐞𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲) နှင့် ကာကွယ်ကုသနည်းများ

ဗီတာမင် 𝐃𝟑 ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး အရိုးနဲ့သွားတည်ဆောက်မှု၊ ကိုယ်ခံအားစနစ်၊ ကြွက်သားလုပ်ဆောင်မှုနဲ့ စိတ်ကျန်းမာရေးကောင်းမွန်မှုအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင် 𝐃𝟑 ချို့တဲ့ပါက ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်နိုင်ပါတယ်။

ဗီတာမင် 𝐃𝟑 ချို့တဲ့ရခြင်းအကြောင်းရင်းများကတော့

🌤️နေရောင်ခြည်လုံလောက်စွာမရရှိခြင်း – ဗီတာမင် 𝐃𝟑 ကို အဓိကရရှိသော အရင်းအမြစ်မှာ နေရောင်ခြည်ဖြစ်ပြီး၊ အလုံပိတ်နေထိုင်သူများ၊ နေပူကိုရှောင်သူများတွင် ဗီတာမင် 𝐃𝟑 ဓာတ်ချို့တဲ့နိုင်ပါတယ်။

🍱အစားအသောက်မှ လုံလောက်စွာမရရှိခြင်း – ငါးအဆီ၊ ကြက်ဥအနှစ်၊ နို့ထွက်ပစ္စည်းများ စားသုံးမှုနည်းပါးခြင်း။

👨🏿အသားအရေအရောင်ရင့်ခြင်း – အသားရောင်ရင့်သူများတွင် နေရောင်မှ ဗီတာမင် 𝐃 ထုတ်လုပ်မှု နည်းပါးနိုင်ပါတယ်။

🫄အဝလွန်ခြင်း – ဗီတာမင် 𝐃 သည် အဆီတွင် သိုလှောင်သောကြောင့် အဝလွန်သူများတွင် သွေးတွင်းပမာဏ လျော့နည်းနိုင်ပါတယ်။

ကျောက်ကပ်နှင့် အသည်းရောဂါခံစားနေရသူများက ဗီတာမင် 𝐃 ကို အသုံးပြုရန် ခန္ဓာကိုယ်မှ မတတ်နိုင်ခြင်းကြောင့် ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်းဖြစ်စေနိုင်ပါတယ်။

ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်း၏ လက္ခဏာများကတော့

ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း🙍‍♀️

အရိုးနှင့်ကြွက်သားနာကျင်ကိုက်ခဲခြင်း🦴💪🏻

စိတ်ဓာတ်ကျခြင်း၊ စိတ်မတည်ငြိမ်ခြင်း🤷

ကိုယ်ခံအားကျဆင်းပြီး မကြာခဏဖျားနာခြင်း🤒

ဒူးနှင့်ခါးအရိုးအဆစ်များ နာကျင်ခြင်း🦵🏼

ဆံပင်ကျွတ်ခြင်း🦰

ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးဆိုးကျိုးများ

✔ အရိုးပျော့ရောဂါ (𝐎𝐬𝐭𝐞𝐨𝐦𝐚𝐥𝐚𝐜𝐢𝐚) – အရွယ်ရောက်သူများတွင် အရိုးပျော့ပြီး နာကျင်မှုဖြစ်စေနိုင်သည်။

✔ အရိုးပွရောဂါ (𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬) – အရိုးများအားနည်းကာ အလွယ်တကူကျိုးနိုင်သည်။

✔ နှလုံးရောဂါနှင့် ဆီးချိုဖြစ်နိုင်ခြေမြင့်မားခြင်း

✔ ကိုယ်ခံအားကျဆင်းကာ ရောဂါပိုးဝင်လွယ်ခြင်း

ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်းကို ဘယ်လိုကုသမလဲ?

(၁)☀️ နေရောင်ခြည်မှ ဗီတာမင် 𝐃 ရယူပါ

တစ်နေ့လျှင် မိနစ် ၂၀-၃၀ ခန့် နေပူစာလှုံပေးပါ (မနက် ၁၀ နာရီမတိုင်မီ သို့မဟုတ် ညနေ ၄ နာရီအချိန်)။

လက်မောင်း၊ ခြေထောက်နှင့် မျက်နှာကို နေရောင်နှင့် တိုက်ရိုက်ထိတွေ့ပါ။

(၂) ဗီတာမင် 𝐃𝟑 ကြွယ်ဝသော အစားအစာများစားပါ

🐟ငါးအဆီ (ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး)

🍳ကြက်ဥအနှစ်

🥛နို့၊ ဒိန်ချဉ်၊ ချိစ်🧀

(၃) ဖြည့်စွက်အားဆေးများသောက်သုံးပါ💊

ဆရာဝန်ညွှန်ကြားချက်ဖြင့် ဗီတာမင် 𝐃𝟑 ဖြည့်စွက်ဆေး (𝟏𝟎𝟎𝟎-𝟓𝟎𝟎𝟎 𝐈𝐔/𝐝𝐚𝐲) သောက်နိုင်ပါတယ်။

အထူးသဖြင့် အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်များ၊ အဝလွန်သူများ တွင် ပိုလိုအပ်ပါသည်။

ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်းကို သွေးစစ်ဆေးမှုဖြင့် အလွယ်တကူသိနိုင်ပါတယ်။ ထို့ကြောင့် မိမိတွင် လက္ခဏာများရှိပါက ဆရာဝန်နှင့် တိုင်ပင်ကာ စစ်ဆေးကုသမှုခံယူသင့်ပါတယ်။👨‍⚕️

နေ့စဉ်နေရောင်ခြည်နဲ့ အာဟာရပြည့်ဝစွာစားသုံးကာ ဗီတာမင် 𝐃𝟑 ချို့တဲ့မှုကို ကာကွယ်လိုက်ကြရအောင်! ☀️🥚🐟