ဘယ်လိုအခြေအနေမှာ မနက်စာစားသင့်ပြီး ဘယ်လိုအချိန်မှာရှောင်သင့်လဲ

မနက်စာကိုနေ့တစ်နေ့ရဲ့အရေးကြီးဆုံးအစာလို့ ကျန်းမာရေးပညာရှင်အများစုကသတ်မှတ်ကြပါတယ်။ ဒါပေမယ့်တချို့ကျတော့မနက်စာကို 𝐬𝐤𝐢𝐩 လုပ်ကြပြီး တချို့ကျတော့မဖြစ်မနေစားကြပါတယ်။
ဒါဆိုဘယ်လိုအခြေအနေမှာ မနက်စာစားသင့်ပြီး ဘယ်လိုအချိန်မှာရှောင်သင့်လဲဆိုတော့🤔
မနက်စာစားသင့်တဲ့အချက်ကတော့ မနက်စာကခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေကိုထုတ်လုပ်ပေးပြီး ဦးနှောက်လုပ်ဆောင်မှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်းမြှင့်တင်ပေးပါတယ်✅
အမျှင်ဓာတ်၊ပရိုတင်းဓာတ်၊ဗီတာမင်များစွာပါတဲ့ မနက်စာကိုစားပေးမယ်ဆို ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ချပေးနိုင်ပါတယ်။✅
မနက်စာစားခြင်းကအဝလွန်ခြင်းကိုကာကွယ်ပေးပြီး တစ်နေ့တာလုံးအတွက်အစားစားချင်စိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။✅
မနက်စာမစားသင့်တဲ့အချက်တွေကတော့ 🙅
🚨ညဘက်အလွန်အကျွံစားထားလျှင် မနက်စာမစားဘဲ ရေနှင့် သစ်သီးဖျော်ရည်တစ်မျိုးမျိုးကိုသောက်သုံးပေးပြီး အစာချေစနစ်ကိုအနားပေးသင့်ပါတယ်။
𝐅𝐚𝐬𝐭𝐢𝐧𝐠 လုပ်သူတွေက 𝟏𝟔:𝟖 စည်းမျဉ်းအရ 𝟔 နာရီမစားဘဲ 𝟖 နာရီအတွင်းပဲစားတာမျိုးဆိုရင် မနက်စာမစားခြင်းကပိုသင့်တော်ပါတယ်။✅
အကယ်၍ မိမိခန္ဓာကိုယ်ကမနက်စာမလိုအပ်ဘူး ဗိုက်မဆာဘူးဆိုရင် အာဟာရပါတဲ့ ဖျော်ရည်သောက်တာမျိုးလုပ်ပေးနိုင်ပါတယ်။
မနက်စာ စားခြင်း၊ မစားခြင်းက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ နေထိုင်စားသောက်မှုတွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပေမယ့် ရေများများသောက်ပေးပြီး အာဟာရပြည့်ဝစွာစားတာက ကျန်းမာရေးအတွက်ကောင်းမွန်စေမှာဘဲဖြစ်ပါတယ်ရှင်။🙆‍♀️

Related Blog