ရေနှင့်အစားအစာများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများသည် မသန့်ရှင်းသည့်ရေ၊ ညစ်ညမ်းသောအစားအစာများ သို့မဟုတ် မသင့်လျော်သော သိုလှောင်ခြင်းနှင့် ချက်ပြုတ်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါသည်။
ဤရောဂါများသည် အထူးသဖြင့် မိုးရာသီနှင့် ရေကြီးချိန်တွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ဝမ်းပျက်ဝမ်းလျှော၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ စသည့် ပြင်းထန်သောရောဂါများကို ဖြစ်စေနိုင်သည်။
ရေနှင့်အစားအစာများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရန် နည်းလမ်းများကတော့
ရေကို ကျိုချက်သောက်ပါ (သို့) သန့်စင်ထားသောရေသောက်ပါ။
အစားအစာများကို သေချာစွာချက်ပြုတ် စားသောက်ပါ။
လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ (အထူးသဖြင့် အစာမစားမီနှင့် အိမ်သာတက်ပြီးချိန်)။
မသန့်ရှင်းသော ရေအိုင်များ၊ ညစ်ညမ်းနေသော ရေများကို ရှောင်ပါ။
လတ်ဆတ်သော အစားအစာများကိုသာ ရွေးချယ်ဝယ်ယူပါ၊ အစားအစာများကို သိုလှောင်ရာတွင် သန့်ရှင်းမှုရှိစေရန် ဂရုပြုပါ။
ရေနှင့်အစာအဆိပ်သင့်ရောဂါများသည် ပြင်းထန်ပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့်
ဝမ်းအလွန်အမင်းသွားပြီး ရေဓာတ်ခန်းခြောက်၍ (မျက်ခွံချိုင့်ခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်း)
သွေးဝမ်းသွားခြင်း (သို့) အဖျား ၃ ရက်ထက်ကျော်ခြင်း
ပြင်းထန်သော ဗိုက်အောင့်ခြင်း (သို့) အသားဝါလာခြင်း စတဲ့ လက္ခဏာများပြင်းထန်ပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပါ။