စောစောသိဖို့ စစ်ဆေးစို့
သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း
အထူးလျှော့စျေး – 126,000 ကျပ်
မြန်မာနိုင်ငံရှိအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာရောဂါဟာ ဖြစ်ပွါးမှုအများဆုံးကင်ဆာတစ်ခုအဖြစ်ရှိနေပါတယ်။
သားအိမ်ခေါင်းကင်ဆာဟာ အဖြစ်များသော်လည်း ကြိုတင်ကာကွယ်နိုင်ပြီး အချိန်စောစီးစွာသိရှိရင် ကုသလို့ရနိုင်တဲ့ ကင်ဆာလည်းဖြစ်ပါတယ်။
ဘယ်သူတွေမှာဖြစ်ပွါးနိုင်လဲ?
လိင်ဆက်ဆံမှုရှိပြီးတဲ့ အမျိုးသမီးတိုင်းမှာ ကြွက်နို့ပိုးကူးစက်နိုင်တဲ့အခြေအနေရှိနိုင်တာကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွါးနိုင်ပါတယ်။
လိင်ဆက်ဆံဖော်များခြင်း
လိင်ဆက်ဆံချိန်စောခြင်း
ခုခံအားကျဆင်းနေခြင်း
လိင်မှတစ်ဆင့်ကူးစက်သောရောဂါများရှိနေခြင်း
ဆေးလိပ်သောက်ခြင်း
စတဲ့အချက်များရှိနေရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
ဘယ်သူတွေစစ်ဆေးသင့်လဲ?
အသက် ၂၅ နှစ် မှ ၆၅ နှစ်ကြားအမျိုးသမီးတိုင်းစစ်ဆေးသင့်ပါတယ်။
Pap Smear (သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း)
– သားအိမ်ခေါင်းမှာရှိနေတဲ့ ဆဲလ်တွေရဲ့ပြောင်းလဲမှုကိုရှာဖွေခြင်းဖြစ်ပြီး အချိန်မှီမကုသပါက အဲ့ဒီဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။
HPV DNA test
– သားအိမ်ခေါင်းရှိ ဆဲလ်များကိုပြောင်းလဲမှု ဖြစ်စေနိုင်တဲ့ ကြွက်နို့ပိုး (HPV )စစ်ဆေးခြင်း ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာPackage မှာပါဝင်တဲ့ဝန်ဆောင်မှုတွေ့ကတော့…….
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ဆွေးနွေးစစ်ဆေးခြင်း
Pap Smear (သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း)
HPV DNA test(သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ ကြွက်နို့ပိုးမျိုးရိုးဗီဇ စစ်ဆေးခြင်း)
စစ်ဆေးမှုအဖြေများ ပြန်လည်ပြသဆွေးနွေးခြင်း
သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုမပြုလုပ်မီ ရှောင်ကြဉ်ရမည့် အချက်များ စုံစမ်းရန် နှင့် ကြိုတင်ရက်ချိန်းရယူရန် အတွက််ိ
အသေးစိတ်သိရှိလိုပါက –
Hot Line : +95-9-880875220~21, +95-1-2304422
ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးစွမ်းနိုင်ရန် အစဉ်မပြတ်ကြိုးစားလျက်………………..
Health Point Specialist Clinic And Yangon Airport Molecular Lab
Address 1: Hledan Center, No. 3C/ 3D, Room-06, Ground Floor, Corner of Pyay and Hledan Road, Kamayut Township, Yangon, Myanmar
Email: info@healthpoint.com.mm



