❗️ဒီနေ့မှာတော့ အစာအိမ် အချဉ်ပြန်တက်ခြင်း (Gastroesophageal Reflux Disease – GERD ) အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။
❗️အစာအိမ်အချဉ်ပြန်တက်ခြင်း GERD ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အစာရေမျိုပြွန်အောက်ပိုင်းကြွက်သား(Lower esophageal sphincter) အားနည်းပြီး အစာအိမ် အတွင်းမှ အက်စစ်များ ၊ အစာနှင့် အရည်များ အပေါ်သို့ပြန်ဆန်တက်လာခြင်းကြောင့်ဖြစ်ပါတယ်။
❗️GERD ရောဂါ လက္ခဏာတွေ က တော့
▪️ရင်ပူခြင်း (အဖြစ်များသော လက္ခဏာ)
▪️လေချဉ်တက်ခြင်း
▪️ပျို့ခြင်း
▪️အစာများ ၊ချဉ်သော အရည်များ အန်ခြင်း
▪️အစာမျိုရခက်ခြင်း ၊ အစာနင်ခြင်း
▪️ချောင်းခြောက်ဆိုးခြင်း
▪️လည်ပင်းအတွင်းဆို့နင်နေသကဲ့သို့ ခံစားရခြင်း
▪️အသံအောလာခြင်း ၊အသံဝင်ခြင်း လက္ခဏာတို့ ခံစားရတတ်ပါတယ်။
❗️ဖြစ်နိုင်ချေများတဲ့သူတွေကတော့
▪️အစာအိမ်ထိပ်ပိုင်းက ရင်ခေါင်း အတွင်းသို့ ကျွံဝင်နေသောသူတွေ
▪️အဝလွန်သောသူတွေ
▪️ကိုယ်ဝန်ဆောင်မိခင်တွေ
▪️အစာခြေနှုန်းနှေးတဲ့သူတွေ
▪️Connective tissues disorder ( အရေပြား လေးဖက်နာ ၊ သွေးလေးဖက်နာ ၊ scleroderma ) ရောဂါရှိတဲ့သူတွေ မှာ အဖြစ်များပါတယ်။
🔺ဆေးလိပ်သောက်ခြင်း
🔺အရက်သောက်ခြင်း
🔺ကော်ဖီသောက်ခြင်း
🔺အဆီများသော အစားအစာများစားခြင်း
🔺အစားများလွန်းခြင်း
🔺ညအိပ်ရာဝင်ခါနီး အစားစားခြင်း
🔺တစ်ချို့သော ဆေးဝါးများ (Aspirin , Vitamin C, စိတ်ကျရောဂါပျောက်ဆေး အချို့ ) တို့ကြောင့်
အစာအိမ်အချဉ်ပြန်တက်ခြင်းရောဂါ လက္ခဏာတွေ ကို ပိုမို ဆိုးရွားစေနိုင်ပါတယ်
❗️GERD ၏ နောက်ဆက်တွဲ ဆိုးကျိုးများကတော့
▪️အစာရေမျိုပြွန် အနာဖြစ်ခြင်း ၊ ရောင်ခြင်း
▪️အစာရေမျိုပြွန် ကျဉ်း၍ အစာမျိုရခက်ခြင်း
▪️အစာရေမျိုကင်ဆာဖြစ်နိုင်ခြင်း တို့ ဖြစ်ပါတယ်။
❗️မကြာခဏ ရောဂါ လက္ခဏာများ ခံစားရခြင်း ၊ဆေးသောက်သော်လည်း မသက်သာခြင်း ၊
ရောဂါလက္ခဏာများ ပိုမို ဆိုးရွာလာခြင်းတို့ ဖြစ်ပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပါတယ်။
❗️ကာကွယ်ရမည့်နည်းလမ်းများကို ပုံတွင် ဖော်ပြပေးထားပါတယ်။
❗️ကျွန်ုပ်တို့၏ Health Point Specialist Clinic & Diagnostic Center တွင် အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာ သမားတော်ကြီးနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် စနေနေ့ ညနေအချိန်များတွင် ရက်ချိန်းယူ၍ ပြသနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။



