✅BMI အကြောင်း သိကောင်းစရာ

✅BMI ဆိုတာ ❓

BMI ( Body Mass Index ) ဆိုတာ ကိုယ်ခန္ဓာ ထုထည် ညွှန်းကိန်း ဖြစ်ပါတယ်။
အရွယ်ရောက်ပြီးလူတစ်ဦးရဲ့ ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ပေါ်မူတည်ပြီး ခန္ဓာကိုယ်ထုထည်ပမာဏ ကို တွက်ချက်ကာ
🟦ပိန်နေလား
🟩ပုံမှန်ကိုယ်အလေးချိန်လား
🟧ဝနေပြီလား
🟥အဝလွန်နေပြီလား ဆိုတာ တွေကို သိရှိနိုင်ပါတယ်။

BMI တွက်ဖို့ ဘာတွေလိုအပ်မလဲ ❓

BMI တွက်ဖို့အတွက် မိမိရဲ့
✔️ကိုယ်အလေးချိန် [ကီလိုဂရမ် (kg) သို့မဟုတ် ပေါင် (lb) ]
✔️အရပ်အမြင့် [စင်တီမီတာ /မီတာ (cm / m) သို့မဟုတ် လက်မ (inches )]
တို့ကို သိရှိဖို့ လိုအပ်ပါတယ်။

BMI ဘယ်လိုတွက်ရမလဲ ❓

ပုံသေနည်းသုံး၍ တွက်ချက်နိုင်ပါတယ်။
BMI calculator app / websites များ သုံး၍လည်း တွက်ချက်နိုင်ပါတယ်။

ပုံသေနည်း

            ကိုယ်အလေးချိန် ( kg ) 

BMI = ————————————- = kg/m2
(အရပ်အမြင့် )² ( meter)²

          ကိုယ်အလေးချိန် (ပေါင် lb )

BMI = ——————————————- X 703 = Lb/ in2 x703
(အရပ်အမြင့်)²(လက်မ in )²

BMI အဖြေ ဘယ်လိုဖတ်မလဲ❓

အဖြေက

🔵၁၈.၅  အောက်               – ပိန်သော ကိုယ်အလေးချိန် (underweight)

🟢၁၈.၅ နှင့် ၂၄.၉ ကြား  – ပုံမှန် ကိုယ် အလေးချိန် (healthy weight)

🟡၂၅ နှင့် ၂၉.၉ ကြား။   –  ပုံမှန်ထက် ပိုနေသော ကိုယ်အလေးချိန်(overweight )

🔴၃၀ နှင့် အထက်              –  အဝလွန်နေသော ကိုယ်အလေးချိန် ( obesity )

ဆိုပြီး သိရှိနိုင်ပါတယ် ။

❗️ခြွင်းချက် အနေ နဲ့ ကြွက်သားထုထည်များသော အားကစား သမား များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့ ၏ BMI မှာ ပုံမှန်ထက် များနေတတ်ပါတယ်။

 ❗️ကလေးနှင့် လူငယ်များ(children and teenagers) အတွက် BMI တွက်ချက်ရာမှာ အသက်အရွယ် နှင့် ကျား/မ ( age&sex) တို့ကိုပါ ထည့်သွင်းတွက်ချက်ရန်လိုအပ်ပါတယ်။

🔔မိမိ BMI ကိုသိရှိခြင်းဖြင့် ဖြစ်ပွါးနိုင်သည့်ကျန်းမာရေးပြဿနာတွေကို ဆန်းစစ်နိုင်ပါတယ်။

👨‍⚕️👩‍⚕️လှည်းတန်းစင်တာ မြေညီထပ်ရှိ Health Point Specialist Clinic & Diagnostic Center တွင်လည်း မိမိ၏ ကျန်းမာရေးနှင့် ပတ်သက်၍တိုင်ပင်ဆွေးနွေးပြသပြီးကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ပါတယ်။