𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐠𝐞𝐬𝐭𝐢𝐯𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲

ကမ္ဘာလုံးဆိုင်ရာ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးနေ့

နှစ်စဉ်မေလ ၂၉ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးနေ့ အဖြစ်သတ်မှတ်ထားပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းစနစ်သည် အစားအစာများကိုခြေဖျက်ပေးပြီး အာဟာရများစွာကို စုပ်ယူပေးကာ ခန္ဓာကိုယ်အတွက်လိုအပ်သည့်စွမ်းအင်တွေရရှိစေပါတယ်။ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ ၇၀-၈၀% ခန့်သည်လည်း အစာအိမ်နှင့်အူလမ်းကြောင်းမှာရှိနေပါတယ်။
မွေးစမှသည်အသက်အရွယ်ရသည့်ကျန်းမာစေဖို့ အစာအိမ်နှင့်အူလမ်းကြောင်းကောင်းမွန်​နေဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့်အစာအိမ်နှင့်အူလမ်းကြောင်းကောင်းမွန် စေဖို့ လုပ်ဆောင်သင်သည့်အချက်များကိုဖော်ပြပေးလိုက်ပါတယ်။

၁။ အမျှင်ဓာတ်ကြွယ်ဝသည့်အစားအစာများစားသုံးပါ။
အမျှင်ဓာတ်များများစားသုံးပါက အစားအစာများအူလမ်းကြောင်းအတွင်းရွှေ့လျားမှုလွယ်ကူစေပြီး ဝမ်းသွားရအဆင်ပြေစေပါတယ်။အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလဲ လျှော့ချပေးပါတယ်။

၂။ အစာကို သင့်တင့်မျှတစွာစားသုံးပါ။ဖြည်းဖြည်းနှင့် မှန်မှန်စားသုံးပါ။
အစားအစာကို သင့်တင့်မျှတစွာစားသုံးပေးခြင်းဖြင့် ကယ်လိုရီအလွန်အကျွံတက်ခြင်းနှင့် အစာခြေစနစ်ဝန်ပိခြင်းတို့ မဖြစ်စေပါ။

၃။ ရေများများသောက်ပါ။

ရေဓာတ်မပြည့်ဝပါက အစာခြေစနစ်နှေးစေပြီး ဝမ်းချုပ်ခြင်းတို့ဖြစ်စေပါတယ်။
တစ်နေ့လျှင် အမျိုးသမီးများ ရေ၂လီတာ ၊အမျိုသားများ ရေ၂လီတာခွဲခန့် သောက်သင့်ပါတယ်။

၄။ တက်တက်ကြွကြွလှုပ်လှုပ်ရှားရှားနေပါ။

၅။စိတ်ဖိစီးမှုများလျှော့ချပါ။
စိတ်ဖိစီးနေရင်တော့ အစာခြေနှေးပြီး အစာမကြေခြင်း၊ဗိုက်နာခြင်း၊ဝမ်းချုပ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

၆။ အစာခြေရခက်သည့် အစားအစာများ လျှော့စားပါ။
ငန်သောအစားအစာများ၊ဆီကြော်များ၊အနီရောင်အသားများကတော့ အစာခြေရခက်စေပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ ခံစားနေရပြီဆို ဆရာဝန်နှင့်စောစီးစွာကုသမှုခံယူဖို့လိုအပ်ပါတယ်

Related Blog