ကိုယ်ခံစွမ်းအား မြှင့်တင်ရေးနှင့် ကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကူးစက်ရောဂါများကို စောစီးစွာ သိရှိခြင်း သည် အရေးကြီးဆုံးသော ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
ကူးစက်ရောဂါများ ရှိမရှိစစ်ဆေးခြင်းဖြင့် ရောဂါလက္ခဏာမပြမီ အစောပိုင်းအဆင့်မှာပင်
ရောဂါပိုးရှိမရှိ သိရှိနိုင်ခြင်း။ ဥပမာ- HPV သည် ကင်ဆာမဖြစ်မီ စောစီးစွာ သိရှိကုသနိုင်ပါတယ်။
မိမိကိုယ်တိုင် ကုသမှုခံယူပြီး အခြားသူများထံ ကူးစက်ခြင်းကို တားဆီးနိုင်ခြင်း။
အစောပိုင်းတွင် ရှာဖွေတွေ့ရှိခြင်းက ကုသမှု အောင်မြင်နိုင်ခြေကို ပိုမိုမြင့်မားစေပြီး နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချပေးနိုင်ခြင်း။
သင့်ကျန်းမာရေး အခြေအနေကို ရှင်းလင်းစွာ သိရှိခြင်းဖြင့် စိတ်ပူပန်မှု လျှော့ချနိုင်ခြင်း။ စတဲ့အကျိုးကျေးဇူးများစွာရရှိစေပါတယ်။
Health Point Specialist Clinic မှာက အဖြစ်များသော ကူးစက်ရောဂါများဖြစ်တဲ့
✅HPV (Human Papillomavirus) – သားအိမ်ခေါင်းကင်ဆာ၊ လိင်အင်္ဂါကြွက်နို့ နှင့် အခြားကင်ဆာအချို့ကို ဖြစ်စေနိုင်သော ရောဂါပိုး။
✅HIV (Human Immunodeficiency Virus)
✅အသည်းရောင်အသားဝါပိုးများ (Hepatitis B & C)
✅တီဘီ (Tuberculosis – TB)
✅လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STIs/STDs) စတဲ့ကူးစက်ရောဂါမျိုးစုံကို စစ်ဆေးပေးပါတယ်။
Health Point မှာ သင်ရဲ့ ကျန်းမာရေး စစ်ဆေးမှုရလဒ်များကို အမြင့်ဆုံး လုံခြုံရေးဖြင့် ထိန်းသိမ်းထားတဲ့အတွက် စိတ်ချယုံကြည်စွာ စစ်ဆေးနိုင်ပါတယ် ။ဒ့ါအပြင် ခေတ်မီနည်းပညာများနှင့် ကျွမ်းကျင်သော ဆရာဝန်များဖြင့် စစ်ဆေးပေးခြင်း၊စစ်ဆေးပြီးနောက် လိုအပ်သော အကြံဉာဏ်များကို အချိန်မီ ရယူနိုင်ခြင်း စတဲ့တန်ဆောင်မှုဆိုင်ရာအားသာချက်များစွာရှိပါတယ်ရှင့်။
ဒါ့ကြောင့် ကျွမ်းကျင်သော စောင့်ရှောက်မှုနဲ့ စိတ်ချရတဲ့ ရလဒ်များကို Health Point Specialist မှာ အမြန်ဆုံးရယူလိုက်ပါ။