ခရီးသွားတာ ပျော်ဖို့ကောင်းသလို၊ ကိုယ်ခံအားနဲ့ ကျန်းမာရေးအတွက်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ခရီးစဉ်တစ်ခုဖြစ်စေဖို့အတွက် သိထားသင့်တဲ့ လုပ်ဆောင်သင့်တဲ့အချက်များ (𝐃𝐨𝐬) နဲ့ ရှောင်ကြဉ်သင့်တဲ့အချက်များ (𝐃𝐨𝐧’𝐭𝐬) ကို ဖော်ပြပေးလိုက်ပါတယ်နော်။
မေ့မလျော့ လိုက်နာသင့်တဲ့ အချက်များကတော့
၁။ ရေဓါတ်ပြည့်ဝပါစေ (𝐇𝐲𝐝𝐫𝐚𝐭𝐞!): ရေများများသောက်ပါ။ အထူးသဖြင့် လေယာဉ်ပေါ်နဲ့ ပူပြင်းတဲ့နေရာတွေမှာ ရေဓါတ်မခန်းခြောက်အောင် ဂရုစိုက်ပါ။
၂။ ကြိုတင်ကာကွယ်ဆေး ထိုးပါ: ခရီးမထွက်မီ ၄-၆ ပတ်အလိုမှာ လိုအပ်တဲ့ ကာကွယ်ဆေးတွေနဲ့ ဆေးဝါးတွေကို ဆရာဝန်နဲ့ ဆွေးနွေးပြီး စီစဥ်ထားပါ။
၃။ သန့်ရှင်းမှုကို အလေးထားပါ: လက်ကို မကြာခဏ ဆေးပါ။ လက်ဆေးဖို့ အဆင်မပြေရင် လက်သန့်စင်ဆေးရည်ကို အမြဲဆောင်ထားပါ။
၄။ အရေးပေါ်ဆေးဝါးကို လက်ဆွဲအိတ်ထဲ ထည့်ပါ: ပုံမှန်သောက်ဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေး၊ ဝမ်းပျက်/အပူကျဆေးလို အခြေခံဆေးတွေကို 𝐂𝐚𝐫𝐫𝐲-𝐨𝐧 𝐁𝐚𝐠 ထဲမှာပဲ ထည့်ယူပါ။
၅။ စနစ်တကျ ရွေးချယ်စားသုံးပါ: ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအစာတွေနဲ့ ကိုယ်တိုင် အခွံခွာလို့ရတဲ့ သစ်သီးတွေကိုပဲ ရွေးစားပါ။
ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို ရှောင်ကြဉ်ပါ။
ဥပမာ -မကျက်တကျက် အသား၊ ငါး၊ ပင်လယ်စာများ၊ လမ်းဘေးဆိုင်များမှ သန့်ရှင်းမှုမရှိနိုင်သော အသုပ်များ၊ ချက်ပြုတ်ပြီး အချိန်ကြာမြင့်နေပြီဖြစ်သော အစားအစာများကို ရှောင်ပါ။
သောက်သုံးရန် မသန့်ရှင်းနိုင်သော နိုင်ငံ/ဒေသများတွင် ပုလင်းဖြင့် အလုံပိတ်ထားသော ရေ ကိုသာ သောက်သုံးပါ။ ရေခဲ၊ လှီးဖြတ်ထားသော အသီးအရွက်နှင့် မသန့်ရှင်းသောရေဖြင့် ဆေးထားသော အသီးအနှံများကို ရှောင်ပါ။
ခွေး၊ ကြောင်၊ မျောက် အစရှိသော ဒေသခံတိရစ္ဆာန်များနှင့် အင်းဆက်ပိုးမွှားများကို မထိတွေ့ပါနှင့်၊ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည် အများအပြားရှိသော နေရာများတွင် ရောဂါကူးစက်နိုင်ချေရှိပါသည်။
သင်ပုံမှန်သောက်နေရသော သို့မဟုတ် အရေးပေါ်လိုအပ်သော ဆေးဝါးများကို လေယာဉ်ဖြင့် တင်ဆောင်ရမည့် အထုပ်ကြီး (𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞) ထဲတွင် လုံးဝမထည့်ပါနှင့်။ အိတ်ပျောက်သွားပါက အခက်အခဲတွေ့နိုင်ပါတယ်။
ခြင်နှင့် အခြားအင်းဆက်ပိုးမွှားများမှ ကာကွယ်ရန် ပိုးမွှားနှိမ်နင်းဆေး (𝐈𝐧𝐬𝐞𝐜𝐭 𝐑𝐞𝐩𝐞𝐥𝐥𝐞𝐧𝐭) ကို မှန်ကန်စွာ အသုံးပြုပါ။ ခြင်ကိုက်ခံရခြင်းကြောင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့်ရောဂါများ ဖြစ်ပွားနိုင်သည်။
ခရီးစဉ်အတွင်း တစ်နေကုန် ခရီးထွက်ခြင်း၊ အပန်းဖြေခြင်း မရှိဘဲ ပင်ပန်းသည်အထိ မသွားလာပါနဲ့ အနားယူရန် အချိန်ယူပါ။ ကျန်းမာရေး မကောင်းလျှင် ခရီးစဉ်ကို အတင်းအကြပ် ဆက်သွားခြင်းကိုရှောင်ကြည်ပါ
အထက်ပါအချက်တွေကိုလိုက်နာခြင်းဖြင့် ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးဖြစ်ကြပါစေနော်
#Healthpoint#Travel#Tip