စပ်ဆေးများရဲ့ဘေးထွက်ဆိုးကျိုး

စပ်ဆေးဆိုတာရပ်ကွက်တွေထဲကဆေးဆိုင်အများစုမှာ ရောဂါလက္ခဏာကို အမြန်သက်သာအောင် ဆရာဝန်မဟုတ်သောသူများမှ ဆေးတွေကို ပေါင်းစပ်ပြီး နှစ်ရက်သုံးရက်စာ ရောင်းပေးလိုက်တာမျိုးပါပဲ။အဆင်သင့်စပ်ပြီးသား ဆေးအထုပ်တွေထုပ်ပြီး ရောင်းကြတာမျိုးတွေတောင် ရှိပါတယ်။😧

စပ်ဆေးအများစုမှာ အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်၊ အပြင်းစားအရောင်ကျဆေး၊ အဖျားကျဆေး၊ ဝမ်းပိတ်ဆေး၊ ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အားဆေးတွေ ပါတတ်ပါတယ်။💊

ဒီလိုဆေးအပြင်းတွေကြောင့် အစာအိမ်ထိတာ၊ ကျောက်ကပ်ထိလာတာ၊ အရိုးပွလာတာတွေ အဖြစ်များလာပါတယ်။😷

စပ်ဆေးတွေဟာ ဆေးကဒ်နဲ့မဟုတ်ဘဲ အလုံးပြုတ်တွေဆိုတော့ ဆေးအမျိုးအစား၊ သက်တမ်းလွန်/မလွန်ကို သေချာမသိနိုင်တာ၊ မှတ်ပုံတင်မထားတဲ့ ဆေးမျိုးတွေ၊ ကိုယ်နဲ့မတည့်တဲ့ဆေးတွေ ပါနေမှာမျိုးကို ဘာမှ သေချာ မသိရပြန်ပါဘူး။😫

🚨အဆိုးဆုံးတစ်ခုက စတီးရွိုက်ဆေး အပြင်းစားတွေပါပဲ … သောက်လိုက်တာနဲ့ ရောင်ရမ်းနေတာ၊ နာကျင်နေတာစတဲ့ ဝေဒနာအတော်များများကို ချက်ချင်းသက်သာ သွားစေပေမယ့် ထိန်းညှိပြီး မသုံးတတ်ရင် ဆိုးကျိုးတွေက အလွန်ကိုများပြီး အသက်အန္တရာယ်အထိပါ ပေးတတ်တဲ့ ဆေးမျိုးတွေဆိုတာကို သတိပြုသင့်ပါတယ်။

ရောဂါတစ်ခုခု၊ ဝေဒနာတစ်ခုခု ခံစားရတယ်ဆိုရင် ချက်ချင်းသက်သာဖို့ပဲ အဓိကမထားသင့်ပါဘူး။ 🙅‍♂️

✅တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့်တိုင်ပင်ပါ။

✅ဆေးဝါးနှင့် ပတ်သက်ရင် ဆေးဝါးပညာရှင်(𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭𝐬)များကို မေးမြန်းပါ။

✅ကိုယ်တိုင်ရော၊ ကိုယ့်မိတ်ဆွေထဲမှာရော ဒီလိုမျိုး ဆရာဝန်မညွှန်တဲ့ဆေးတွေ၊ စပ်ဆေးတွေကို အလွယ်တကူ သုံးနေတာမျိုးရှိရင် မလုပ်သင့်ကြောင်းပြောပြပေးပါနော်

အမြန်ပျောက်ချင်လို့၊ ငွေကုန်သက်သာချင်လို့ဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ စပ်ဆေးတွေကို အသက်နဲ့ရင်းပြီး သောက်နေရမှာကို သတိပြုပြီး ရှောင်ကြဥ်နိုင်စေဖို့ မျှဝေလိုက်ရပါတယ် …