ယနေ့ခေတ်မှာ အစားအသောက်မျိုးစုံပေါ်ပေါက်လာရာက ဆီချိုရောဂါဟာ လူကြီးလူငယ် ၊ ကျားမမရွေး အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်လာလို့နေပါပြီ။ ဆီးချိုရောဂါက လုံးဝအရှင်းပျောက်သွားတဲ့အထိ ကုသလို့မရသေးပေမယ့် အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ဆေးပုံမှန်သောက်ပြီး သေချာလေးဂရုစိုက်မယ်ဆိုရင် စိတ်ပူစရာမလိုတဲ့ ရောဂါတစ်ခုပါ။
ဒီနေ့မှာတော့ ဆိးချိုရောဂါရှိနေသူတွေအတွက် အစားစားတဲ့အခါဆင်ခြင်နိုင်ဖို့ နည်းလမ်းကောင်းလေး (၅) ခုကို ပြောပြပေးချင်ပါတယ်။
နံပါတ် (၁)
အစားအစာကို ပုံမှန်စားပေးပါ။ မနက်စာလွတ်သွားတာ ၊ ညစာလွတ်သွားတာ စသည်ဖြင့် လွတ်သွားတာမျိုးမဖြစ်ပါစေနဲ့။ စားတဲ့အခါလည်း နည်းနည်းနဲ့အကြိမ်ရေများများစားပေးပါ။ ၃ နာရီမှ ၄ နာရီခြားတစ်ခါလောက် ပမာဏနည်းနည်းချင်းချင်းစီ မှန်မှန်လေးစားပေးရင် ပိုသင့်တော်ပါတယ်။
နံပါတ် (၂)
အစာစားတိုင်း ပရိုတင်းဓာတ်ပါဝင်တဲ့ ကြက်သား ၊ ကြက်ဥ ၊ ပဲ စတာတွေကို အတတ်နိုင်ဆုံးပါဝင်အောင် စားပေးပါ။
ပရိုတင်းဓာတ်က သင့်ကိုဗိုက်ပြည့်လွယ်စေတာကြောင့် အများကြီးစားဖြစ်တာကို တားဆီးနိုင်ပြီး သွေးတွင်းသကြားဓာတ်စုပ်ယူမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
နံပါတ် (၃)
အချိုရည် ၊ လက်ဖက်ရည် ၊ သကြားဓာတ်များတဲ့ ဖျော်ရည်စတာတွေကို အတတ်နိုင်ဆုံးရှောင်ပြီး ရေကိုသာ များများသောက်သုံးပေးပါ။
ရေများများသောက်သုံးခြင်းက သင့်ရဲ့သွေးတွင်းသကြားဓာတ်ပါဝင်နှုန်းကို ထိရောက်စွာ လျှော့ချပေးနိုင်မှာပါ။
နံပါတ် (၄)
အသီးအရွက်နှင့် အမျှင်ဓာတ်များများပါဝင်တဲ့ အစားအစားတွေကို များများစားပေးပါ။
အမျှင်ဓာတ်များများစားပေးခြင်းက သွေးတွင်းသကြားဓာတ်ကိုထိန်းပေးတဲ့အပြင် အစာခြေစနစ်ကိုလည်း ကောင်းမွန်စွာ အထောက်အပံ့ပေးပါတယ်။
ဟင်းနုနယ်ရွက် ၊ ဂေါ် ဖီ ၊ သခွားသီးစတာတွေလိုမျိုး ကစီဓာတ်နည်းတဲ့ အသီးအရွက်တွေကို များများစားပေးပါ။
နံပါတ် (၅)
စားတဲ့အခါမှာလည်း တစ်ခါတည်းအများကြီးစားတာထက် ပမာဏနည်းနည်းကို အကြိမ်ရေများများစားပေးတာက ဆီးချိုသမားတွေအတွက် ပိုသင့်တော်ပါတယ်။
ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်တွင်းရှိစွမ်းအင်အများစုရဲ့ အဓိကရင်းမြစ်ဖြစ်တာကြောင့် အစာစားတဲ့အခါ ကာဗိုဟိုက်ဒရိတ်ပါဝင်သော အစားအစာများကို မဖြစ်မနေစားသုံးပေးသင့်ပါတယ်။ ဒါပေမယ့် အစားများတဲ့အခါ ဆီးချိုသမားများအတွက် မသင့်တော်တာကြောင့် ကိုယ်စားမယ့်ပမာဏရဲ့ ၄ ပုံ ၁ ပုံခန့်လောက်သာ စားပေးသင့်ပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ ဆီးချိုသမားတွေအတွက် အစားစားတဲ့အခါ သတိထားပြီး လိုက်နာကျင့်သုံးသင့်တဲ့အချက်လေးတွေကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။ ကိုယ့်အတွက် တကယ်အသုံးဝင်တယ်ဆိုရင် ဒီ 𝐏𝐨𝐬𝐭 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 လေးလုပ်ထားပြီးတော့ 𝐒𝐚𝐯𝐞 ထားလိုက်ဖို့ အကြံလေးပေးချင်ပါတယ်။