ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်း (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 𝐃𝐞𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲) နှင့် ကာကွယ်ကုသနည်းများ
ဗီတာမင် 𝐃𝟑 ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး အရိုးနဲ့သွားတည်ဆောက်မှု၊ ကိုယ်ခံအားစနစ်၊ ကြွက်သားလုပ်ဆောင်မှုနဲ့ စိတ်ကျန်းမာရေးကောင်းမွန်မှုအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင် 𝐃𝟑 ချို့တဲ့ပါက ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်နိုင်ပါတယ်။
ဗီတာမင် 𝐃𝟑 ချို့တဲ့ရခြင်းအကြောင်းရင်းများကတော့
နေရောင်ခြည်လုံလောက်စွာမရရှိခြင်း – ဗီတာမင် 𝐃𝟑 ကို အဓိကရရှိသော အရင်းအမြစ်မှာ နေရောင်ခြည်ဖြစ်ပြီး၊ အလုံပိတ်နေထိုင်သူများ၊ နေပူကိုရှောင်သူများတွင် ဗီတာမင် 𝐃𝟑 ဓာတ်ချို့တဲ့နိုင်ပါတယ်။
အစားအသောက်မှ လုံလောက်စွာမရရှိခြင်း – ငါးအဆီ၊ ကြက်ဥအနှစ်၊ နို့ထွက်ပစ္စည်းများ စားသုံးမှုနည်းပါးခြင်း။
အသားအရေအရောင်ရင့်ခြင်း – အသားရောင်ရင့်သူများတွင် နေရောင်မှ ဗီတာမင် 𝐃 ထုတ်လုပ်မှု နည်းပါးနိုင်ပါတယ်။
အဝလွန်ခြင်း – ဗီတာမင် 𝐃 သည် အဆီတွင် သိုလှောင်သောကြောင့် အဝလွန်သူများတွင် သွေးတွင်းပမာဏ လျော့နည်းနိုင်ပါတယ်။
ကျောက်ကပ်နှင့် အသည်းရောဂါခံစားနေရသူများက ဗီတာမင် 𝐃 ကို အသုံးပြုရန် ခန္ဓာကိုယ်မှ မတတ်နိုင်ခြင်းကြောင့် ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်းဖြစ်စေနိုင်ပါတယ်။
ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်း၏ လက္ခဏာများကတော့
ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
အရိုးနှင့်ကြွက်သားနာကျင်ကိုက်ခဲခြင်း
စိတ်ဓာတ်ကျခြင်း၊ စိတ်မတည်ငြိမ်ခြင်း
ကိုယ်ခံအားကျဆင်းပြီး မကြာခဏဖျားနာခြင်း
ဒူးနှင့်ခါးအရိုးအဆစ်များ နာကျင်ခြင်း
ဆံပင်ကျွတ်ခြင်း
ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးဆိုးကျိုးများ
အရိုးပျော့ရောဂါ (𝐎𝐬𝐭𝐞𝐨𝐦𝐚𝐥𝐚𝐜𝐢𝐚) – အရွယ်ရောက်သူများတွင် အရိုးပျော့ပြီး နာကျင်မှုဖြစ်စေနိုင်သည်။
အရိုးပွရောဂါ (𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬) – အရိုးများအားနည်းကာ အလွယ်တကူကျိုးနိုင်သည်။
နှလုံးရောဂါနှင့် ဆီးချိုဖြစ်နိုင်ခြေမြင့်မားခြင်း
ကိုယ်ခံအားကျဆင်းကာ ရောဂါပိုးဝင်လွယ်ခြင်း
ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်းကို ဘယ်လိုကုသမလဲ?
(၁) နေရောင်ခြည်မှ ဗီတာမင် 𝐃 ရယူပါ
တစ်နေ့လျှင် မိနစ် ၂၀-၃၀ ခန့် နေပူစာလှုံပေးပါ (မနက် ၁၀ နာရီမတိုင်မီ သို့မဟုတ် ညနေ ၄ နာရီအချိန်)။
လက်မောင်း၊ ခြေထောက်နှင့် မျက်နှာကို နေရောင်နှင့် တိုက်ရိုက်ထိတွေ့ပါ။
(၂) ဗီတာမင် 𝐃𝟑 ကြွယ်ဝသော အစားအစာများစားပါ
ငါးအဆီ (ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး)
ကြက်ဥအနှစ်
နို့၊ ဒိန်ချဉ်၊ ချိစ်
(၃) ဖြည့်စွက်အားဆေးများသောက်သုံးပါ
ဆရာဝန်ညွှန်ကြားချက်ဖြင့် ဗီတာမင် 𝐃𝟑 ဖြည့်စွက်ဆေး (𝟏𝟎𝟎𝟎-𝟓𝟎𝟎𝟎 𝐈𝐔/𝐝𝐚𝐲) သောက်နိုင်ပါတယ်။
အထူးသဖြင့် အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်များ၊ အဝလွန်သူများ တွင် ပိုလိုအပ်ပါသည်။
ဗီတာမင် 𝐃𝟑 ချို့တဲ့ခြင်းကို သွေးစစ်ဆေးမှုဖြင့် အလွယ်တကူသိနိုင်ပါတယ်။ ထို့ကြောင့် မိမိတွင် လက္ခဏာများရှိပါက ဆရာဝန်နှင့် တိုင်ပင်ကာ စစ်ဆေးကုသမှုခံယူသင့်ပါတယ်။
နေ့စဉ်နေရောင်ခြည်နဲ့ အာဟာရပြည့်ဝစွာစားသုံးကာ ဗီတာမင် 𝐃𝟑 ချို့တဲ့မှုကို ကာကွယ်လိုက်ကြရအောင်!