ဘာကြောင့်နှာပိတ်ခြင်းကို ဆောင်းရာသီမှာခံစားစေရတာလဲ?

ဆောင်းတွင်းရောက်ပြီဆိုတာနဲ့ နှာစေး၊ နှာပိတ်တာတွေ ခံစားရတတ်ပါတယ်။ ဘာကြောင့်နှာပိတ်ခြင်းကို ဆောင်းရာသီမှာခံစားစေရတာလဲ?

အဓိက အကြောင်းအရင်းများကတော့ ဆောင်းရာသီရဲ့ ခြောက်သွေ့အေးမြတဲ့လေက နှာခေါင်းအတွင်းသားတွေကို ယားယံစေပြီး ရောင်ရမ်းကာ ချွဲတွေ ပိုထွက်လာလို့ နှာပိတ်စေပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလွယ်တဲ့အတွက် နှာခေါင်းလမ်းကြောင်းတွေ ရောင်ရမ်းပိတ်ဆို့ပြီး နှာခေါင်းပိတ်ခြင်းကိုဖြစ်စေပါတယ်။

ဒီလိုဖြစ်လာရင်သက်သာစေမည့် နည်းလမ်း (၃) ခုကတော့

1. ရေနွေးငွေ့ရှူပါ

ရေနွေးပူပူဖြင့် ရေချိုးခြင်း သို့မဟုတ် ရေနွေးငွေ့ကို ရှူသွင်းခြင်းဖြင့် နှာခေါင်းလမ်းကြောင်းကို ဖွင့်ပေးပြီး ချွဲတွေကို ပျော်စေပါတယ်။

2. ရေများများသောက်ပါ

အရည်ဓာတ် ပြည့်ဝနေခြင်းက ချွဲသလိပ်တွေ မခဲအောင် ကူညီပေးပါတယ်။

3. Humidifier သုံးပါ

အိပ်ခန်းထဲမှာ လေထုစိုထိုင်းဆ ထိန်းစက် (Humidifier) ကို သုံးပြီး လေခြောက်သွေ့မှုကို လျော့ချပါ။

နှာပိတ်တာ ၁၀ ရက်ထက်ပို ကြာနေရင်၊ အဖျားတက်တာ၊ မျက်နှာတစ်ဝိုက် နာကျင်တာတွေ ပါလာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဆောင်းရာသီ ဖြစ်ပါစေနော် 😊