မိုးရာသီဟာ အေးမြ၍ လေထုစိုထိုင်းမှုများတဲ့အတွက် ကိုယ်ခံအားကို မြှင့်တင်ပေးဖို့နဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ဖို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် မိုးတွင်းမှာ အအေးမိ၊ နှာစေး၊ ဖျားနာခြင်းတို့ကို ကာကွယ်ဖို့အတွက် အောက်ပါ အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။📈
၁။ ဗီတာမင် 𝐂 ကြွယ်ဝသော အသီးအနှံများ🍊
ဗီတာမင် 𝐂 ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။
သံပုရာ၊ လိမ္မော်၊ ဂရိတ်ဖရုစတဲ့အသီးတွေမှာ ဗီတာမင် 𝐂 ဓာတ်များစွာပါဝင်ပါတယ်🍋🟩🍊🍈
ရေနွေးနွေးလေးနဲ့ သံပုရာရည်ညှစ်သောက်ခြင်းက လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။
🥝ကီဝီသီး၊ 🍓စတော်ဘယ်ရီ စတဲ့အသီးတွေမှာ 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭 ကြွယ်ဝပြီး အအေးမိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ ပူနွေးသော စွပ်ပြုတ်နှင့် ဟင်းရည်များ🍲
မိုးအေးတဲ့အချိန်မှာ ပူပူနွေးနွေး စွပ်ပြုတ်သောက်ခြင်းက ကိုယ်တွင်းအပူဓာတ်ကို ထိန်းညှိပေးပြီး နှာခေါင်းပိတ်ခြင်း၊ ချောင်းဆိုးခြင်းတို့ကို သက်သာစေပါတယ်။✅
ကြက်စွပ်ပြုတ် – 🐔ကြက်သားနဲ့ 🫚ချင်း(ဂျင်း)၊🧄 ကြက်သွန်ဖြူ၊ 🥬မုန်ညင်းစိမ်းတို့ပါဝင်အောင် ပြုတ်သောက်ပါ။
ဟင်းနုနွယ်ရွက်/🥕မုန်လာဥနီ မှာလည်း ဗီတာမင် 𝐀 နဲ့ သံဓာတ်ကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေပါတယ်။
၃။ ချင်း(ဂျင်း)နှင့် ကြက်သွန်ဖြူ
🫚ချင်း(ဂျင်း) – ချောင်းဆိုးပျောက်စေပြီး ကိုယ်တွင်းယောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ ချင်းလက်ဖက်ရည်၊ ချင်းပါသော ဟင်းတို့ကို စားပေးသင့်ပါတယ်။
🧄 ကြက်သွန်ဖြူ – သဘာဝပဋိဇီဝဆေးအဖြစ် အသုံးပြုနိုင်ပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တို့ကို တိုက်ဖျက်နိုင်ပါတယ်။
၄။ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများ💪
ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ ပရိုတင်းဓာတ်ကို အောက်ပါအစားအစာတွေကနေ ရရှိနိုင်ပါတယ်။
🐔ကြက်သား၊ 🐟ငါး၊ 🥚ဥအမျိုးမျိုး
🫘ပဲအမျိုးမျိုး (ပဲနီလေး၊ ကုလားပဲ၊ တို့ဟူး)
၅။ 🍯ပျားရည်နှင့် 🍊သစ်သီးဖျော်ရည်များ
ပျားရည် – လည်ချောင်းနာခြင်းကို သက်သာစေပြီး ဘက်တီးရီးယားတို့ကို တိုက်ဖျက်နိုင်ပါတယ်။ နွားနို့ပူပူထဲ ပျားရည်ထည့်သောက်နိုင်ပါတယ်။
သစ်သီးဖျော်ရည် (ဥပမာ – မုန်လာဥနည်းနည်း + ပန်းသီး + ဂျင်းတို့ကို ဖျော်စက်ထဲထည့်ဖျော်ပါ)
ထိုကဲ့သို့သောက်သုံးခြင်းပေးကလည်း ကိုယ်ခံအားစနစ်(𝐈𝐦𝐦𝐮𝐧𝐞 𝐒𝐲𝐬𝐭𝐞𝐦) ကို တိုးစေပါတယ်
၆။ ချဉ်သော အချဉ်ဖောက်ထားသည့် အစားအစာများ (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬)🦠
ဒိန်ချဉ်၊ ကင်မ်ချီ ကဲ့သို့သောအချဉ်ဖောက်ထားသော အစားအစာများကအူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ကိုယ်ခံအားကောင်းစေပါတယ်။✅
မိုးရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပြီး လေ့ကျင့်ခန်းလုပ်ကာ အိပ်ရေးဝဝအိပ်ခြင်းဖြင့် ကျန်းမာရေးဂရုစိုက်ကြမယ်နော်။ 🌧️💪
Address (1): Air Cargo Terminal, Near Htan Pin Kone Bus-Station, Pyay Road
Mingalardon Township, Yangon, Myanmar.
Hot Line: +95 1 764 0294~95, +95 9 444 099 9941~42
Address : Hledan Center, No.3C/ 3D, Room-06, Ground Floor, Corner of Pyay
and Hledan Road, Kamayut Township, Yangon, Myanmar.
Hot Line: +95 9 444 099 941, +95 9 880 875 220~21
Mail to : customerservice@healthpoint.com.mm