မေမေတို့ရေ၊ ဗိုက်ထဲက သားသား/မီးမီးလေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးနေပြီလား?

မေမေတို့ရေ၊ ဗိုက်ထဲက သားသား/မီးမီးလေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးနေပြီလား?
ကိုယ်ဝန်ဆောင်ချိန်မှာ သင်စားလိုက်တဲ့ အရာတိုင်းဟာ ရင်သွေးလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အုတ်မြစ်တွေပါပဲ။ ဒီတော့ ဘယ်လို အာဟာရတွေကို ပိုပြီး ဂရုစိုက် စားသုံးသင့်လဲ? အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို တစ်ချက်လေ့လာကြည့်ရအောင်! 👇

၁။ ဖောလစ်အက်ဆစ် (Folic Acid) – အာရုံကြော စနစ်အတွက်
ဘာကြောင့် အရေးကြီးတာလဲဆိုတော့ မွေးရာပါ ဦးနှောက်နဲ့ ကျောရိုး အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတွေ (Neural Tube Defects) ကို ကာကွယ်ပေးပါတယ်။
(Folic Acid) ကို ဘယ်မှာရနိုင်လဲဆိုရင် ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ ဖြည့်စွက်စာတွေမှာ ရရှိနိုင်ပါတယ်။

၂။ သံဓာတ် (Iron) – သွေးအား မနည်းစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပမာဏ တိုးလာတဲ့အတွက် မေမေရော ကလေးအတွက်ပါ အောက်ဆီဂျင် သယ်ပို့ဖို့ သံဓာတ် လိုအပ်ပါတယ်။ သံဓာတ်နည်းရင် မောပန်းလွယ်ပြီး သွေးအားနည်းတတ်ပါတယ်။
သံဓာတ် ကို ဘယ်မှာရနိုင်လဲဆိုတော့ အသားနီ၊ အသည်း၊ ပဲ၊ မုန်လာဥနီတို့လို အစေ့အဆန်တွေမှာ ရရှိနိုင်ပါတယ်။

၃။ ကယ်လ်စီယမ် (Calcium) – အရိုးနဲ့ သွားများအတွက်
ရင်သွေးလေးရဲ့ အရိုးနဲ့ သွားတွေ ဖွံ့ဖြိုးဖို့ မေမေမှာ ကယ်လ်စီယမ် လုံလောက်မှသာ ကလေးအတွက် ကယ်လ်စီယမ် ယူပြီး ကိုယ့်ကျန်းမာရေးကို မထိခိုက်မှာ ဖြစ်ပါတယ်။
Calcium ကို ဘယ်မှာရနိုင်လဲဆိုတော့ နို့ထွက်ပစ္စည်းများ၊ ဒိန်ချဉ်၊ ငါးသေးသေးလေးတွေ၊ ဘရိုကိုလီရရှိနိုင်ပါတယ်။

၄။ ပရိုတင်း (Protein) – ဆဲလ်တည်ဆောက်မှုအတွက်
သားသား/မီးမီးလေးရဲ့ ကိုယ်ခန္ဓာရှိ ဆဲလ်များ၊ ကြွက်သားများ ဖွံ့ဖြိုးဖို့ ပရိုတင်း (Protein) အဓိက လိုအပ်ပါတယ်။
ပရိုတင်း (Protein)ကို ဘယ်မှာရနိုင်လဲဆိုတော့ အသား၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများမှာရရှိနိုင်ပါတယ်။

၅။ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (Omega-3) – ဦးနှောက် ဖွံ့ဖြိုးဖို့
ရင်သွေးလေးရဲ့ ဦးနှောက်၊ အာရုံကြောစနစ်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။
Omega-3 ကို ဘယ်မှာရနိုင်လဲဆိုတော့ ဆယ်လ်မွန် (Salmon) ငါး၊ ငါးကြီးဆီ ဖြည့်စွက်စာများမှာရရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်အစားအစာကို အကြိုက်ဆုံးလဲ? ဒါမှမဟုတ် ဘယ်အရာကိုမှ စားမဝင်ဘဲ ခံစားနေရလဲ?
Comment မှာ ကိုယ့်ရဲ့ အတွေ့အကြုံ၊ သံသယရှိတာတွေကို မေးခဲ့/မျှဝေခဲ့ပေးနော်! ကျန်းမာသော ကိုယ်ဝန်ဆောင်ကာလ ဖြစ်ပါစေ။ ❤️

ကိုယ်ဝန်ဆောင်ကျန်းမာရေး #ကိုယ်ဝန်ဆောင်အာဟာရ #မေမေ #BabyBump #Superfoods