သားအိမ်ခေါင်းကင်ဆာမှ ကာကွယ်ပေးနိုင်ဖို့ ဒီအချက် (၃) ချက်ကို သိထားရအောင်

✅ ၁။ သားအိမ်ခေါင်းကင်ဆာဟာ ဘာကြောင့် ဖြစ်တာလဲ?

သားအိမ်ခေါင်းကင်ဆာရဲ့ ၉၀% ကျော်ဟာ 𝐇𝐮𝐦𝐚𝐧 𝐏𝐚𝐩𝐢𝐥𝐥𝐨𝐦𝐚𝐯𝐢𝐫𝐮𝐬 (𝐇𝐏𝐕) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာပါ။ ဒီပိုးဟာ ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများ တိတ်တဆိတ် ရှိနေတတ်ပြီး နောက်ပိုင်းမှာ ကင်ဆာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

✅ ၂။ ဘယ်လို ကာကွယ်မလဲ?

အသက် ၉ နှစ်မှ စတင်ပြီး 𝐇𝐏𝐕 𝐕𝐚𝐜𝐜𝐢𝐧𝐞 ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို အထိရောက်ဆုံး လျှော့ချနိုင်ပါတယ်။

အိမ်ထောင်ရှိသူ သို့မဟုတ် အသက် ၃၀ ကျော် အမျိုးသမီးများအနေဖြင့် 𝐏𝐚𝐩 𝐒𝐦𝐞𝐚𝐫 သို့မဟုတ် 𝐇𝐏𝐕 𝐃𝐍𝐀 𝐓𝐞𝐬𝐭 ကို 𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 ပုံမှန်ပြုလုပ်ခြင်းဖြင့် ကင်ဆာမဖြစ်ခင် အကြိုအဆင့်ကတည်းက သိရှိနိုင်ပါတယ်။

✅ ၃။ ဘယ်လို လက္ခဏာတွေ သတိထားရမလဲ?
အစောပိုင်းမှာ လက္ခဏာမပြတတ်ပေမဲ့ –

ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း။

အတူနေပြီးနောက် သွေးဆင်းခြင်း။

ဗိုက်အောက်ပိုင်း နာကျင်ခြင်းစတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်သင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခုဖြစ်ပေမဲ့၊ အစောပိုင်းအဆင့်မှာ သိရှိရင် “ပျောက်ကင်းအောင် ကုသနိုင်ပြီး ကြိုတင်ကာကွယ်လို့ရတဲ့” ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

🏥 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 တွင် လူကြီးမင်းတို့အတွက် … သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ရေးအတွက် 𝐏𝐚𝐩 𝐒𝐦𝐞𝐚𝐫 စစ်ဆေးခြင်းများကို ထည့်သွင်းပေးထားသည့်အပြင်၊ ကျွမ်းကျင်သော သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနှင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

“ကြောက်ရွံ့နေတာထက်… ကြိုတင်စစ်ဆေး ကာကွယ်ခြင်းကသာ သင့်ဘဝကို ပိုမိုလုံခြုံစေမှာပါ”

📍 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 တွင် စစ်ဆေးမှုများ ပြုလုပ်ရန် ယနေ့ပဲ စုံစမ်းမေးမြန်းလိုက်ပါ။
☎️ 𝐏𝐡𝐨𝐧𝐞 – 𝟎𝟗 𝟖𝟖𝟎 𝟖𝟕𝟓 𝟐𝟐𝟎 – 𝟐𝟏 , 𝟎𝟗 𝟒𝟒𝟒 𝟎𝟗𝟗 𝟗𝟒𝟏
📩 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 – 𝐦.𝐦𝐞/𝟏𝟎𝟑𝟓𝟗𝟒𝟔𝟑𝟏𝟕𝟒𝟖𝟖𝟗𝟔
🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 – 𝐡𝐭𝐭𝐩𝐬://𝐡𝐞𝐚𝐥𝐭𝐡𝐩𝐨𝐢𝐧𝐭.𝐜𝐨𝐦.𝐦𝐦/
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 – 𝐇𝐥𝐞𝐝𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐍𝐨. 𝟑𝐂/ 𝟑𝐃, 𝐑𝐨𝐨𝐦-𝟎𝟔, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐏𝐲𝐚𝐲 𝐚𝐧𝐝 𝐇𝐥𝐞𝐝𝐚𝐧 𝐑𝐨𝐚𝐝, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫

𝐇𝐞𝐚𝐥𝐭𝐡𝐏𝐨𝐢𝐧𝐭𝐂𝐥𝐢𝐧𝐢𝐜 #𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥𝐂𝐚𝐧𝐜𝐞𝐫𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 #𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥𝐂𝐚𝐧𝐜𝐞𝐫 #𝐖𝐨𝐦𝐞𝐧𝐬𝐇𝐞𝐚𝐥𝐭𝐡 #𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧𝐈𝐬𝐁𝐞𝐭𝐭𝐞𝐫𝐓𝐡𝐚𝐧𝐂𝐮𝐫𝐞 #𝐏𝐚𝐩𝐒𝐦𝐞𝐚𝐫 #𝐇𝐏𝐕