သွေးအမျိုးအစားတွေထဲမှာ အရှားပါးဆုံးကတော့ Rh-null လို့ခေါ်တဲ့ သွေးအမျိုးအစား ဖြစ်ပါတယ်။ ဒီသွေးကို “ရွှေသွေး (golden blood)” လို့လည်း ခေါ်ကြပါတယ်။
ဒီသွေးအမျိုးအစားဟာ အရမ်းရှားပါးပြီး ကမ္ဘာပေါ်မှာ လူ (၅၀) အောက်သာ ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အများအားဖြင့် လူတွေမှာရှိတဲ့ သွေးအမျိုးအစား (၈) မျိုးထဲက အရှားပါးဆုံးကတော့ AB negative (AB-) ဖြစ်ပါတယ်။ နိုင်ငံတကာ သုတေသနတွေအရ AB negative သွေးပိုင်ဆိုင်သူဟာ လူဦးရေရဲ့ ၁% ထက်တောင် ပိုနည်းပါတယ်။
ဒီတော့ “ရွှေသွေး (golden blood)” ပိုင်ရှင်လေးတွေက Medical Check Up ပုံမှန်လုပ်ပြီး ကျန်းမာရေးကိုဂရုစိုက်ဖို့မမေ့ကြနဲ့နော်။