စားပြီးတိုင်း ဗိုက်ထဲမှာ လေးလံပြီး မအီမသာ ဖြစ်နေတတ်လား? ![]()
“အစာမကြေဘူး…” “လေတွေပွနေတယ်…” “ဗိုက်ထဲမှာ တစ်ခုခုနဲ့ မတည့်သလိုပဲ…” ဆိုတဲ့ ခံစားချက်တွေက သင့်ရဲ့ တစ်နေ့တာကို
အနှောင့်အယှက်ပေးနေပြီလား?
စိတ်မပူပါနဲ့! သင့်ရဲ့ အစာခြေစနစ်ကို 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐧
လို ကယ်တင်ပေးမယ့် အစားအစာတွေ ရှိပါတယ်။ ဒါတွေကို နေ့စဉ်စားတဲ့
အစားအစာထဲမှာ ထည့်စားလိုက်ရုံနဲ့ အံ့ဩစရာကောင်းလောက်အောင် ဗိုက်ထဲမှာ ပေါ့ပါးသွားမှာပါ။
အမှိုက်ရှင်းသမားများ (အမျှင်ဓာတ်)
𝐎𝐚𝐭𝐬 (အုတ်ဂျုံ)၊ ပန်းသီး၊ ဆန်လုံးညို၊ ဟင်းသီးဟင်းရွက်စိမ်းများက အူလမ်းကြောင်းထဲက အညစ်အကြေးတွေကို တံမြက်စည်းလှဲသလို
ရှင်းလင်းပေးပြီး ဝမ်းမှန်စေတယ်။
အကျိုးပြု သူငယ်ချင်းများ (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬)
ဒိန်ချဉ်၊ ကင်မ်ချီ (𝐊𝐢𝐦𝐜𝐡𝐢)တွေက အစာအိမ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးပြီး အစာချေဖျက်မှုကို
ပိုကောင်းစေတယ်။
ကူညီဖော်များ (𝐃𝐢𝐠𝐞𝐬𝐭𝐢𝐯𝐞 𝐄𝐧𝐳𝐲𝐦𝐞𝐬)
နာနတ်သီး၊ သင်္ဘောသီး စတဲ့အသီးတွေက အစာတွေကို အမြန်ဆုံး ချေဖျက်နိုင်အောင် ကူညီပေးတဲ့ သူရဲကောင်းတွေပေါ့။ အသားစားပြီးရင်
နာနတ်သီးလေးစားလိုက်တာက အကောင်းဆုံးပဲ!
စိတ်ဖြေဖျောက်ပေးသူများ (𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐅𝐨𝐨𝐝𝐬)
ဂျင်း (𝐆𝐢𝐧𝐠𝐞𝐫)၊ ပူစီနံ (𝐏𝐞𝐩𝐩𝐞𝐫𝐦𝐢𝐧𝐭)တို့က လေပွတာ၊ ဗိုက်အောင့်တာ၊ ပျို့အန်ချင်တာတွေကို သက်သာစေတယ်။ ဂျင်းပြုတ်ရည်
ဒါမှမဟုတ် ပူစီနံလက်ဖက်ရည်လေးတစ်ခွက်က အကောင်းဆုံးဆေးတစ်ခွက်ပါ။
𝐏𝐫𝐨-𝐓𝐢𝐩: အစာကို ကြေညက်အောင်ဝါးစားဖို့ မမေ့နဲ့နော်! ![]()