အားဖြည့်အချိုရည်တွေကို ပုံမှန်သောက်နေရင်

အားဖြည့်အချိုရည်တွေကို သောက်လိုက်ရင် လန်းဆန်းသွားမယ်ဆိုပြီး ချွေးထွက်များတဲ့အချိန်၊ ခေါင်းမကြည်တဲ့အချိန်၊ အလုပ်ပင်ပန်းထားတဲ့နေ့တွေ၊ ညဥ့်နက်တဲ့အထိ စာကျက်ဖို့၊ အလုပ်လုပ်ဖို့ လိုအပ်တဲ့ ညတွေမှာ သောက်လေ့ရှိကြပါတယ်။ 🔋
အားဖြည့်အချိုရည်တွေကို သောက်ပြီးခါစမှာတော့ ချက်ချင်းပဲ လန်းဆန်းတက်ကြွသွားသလို ခံစားရပေမယ့် မကြာခဏသောက်ရင် ကျန်းမာရေးဆိုးကျိုးတွေ ရှိလာပါတယ်။
❗ အားဖြည့်အချိုရည်တွေမှာ သကြားဓာတ်တွေ၊ စိတ်ကိုလှုံ့ဆော်ပေးတဲ့ ကဖင်းဓာတ်၊ အက်ဆစ်ဓာတ်တွေ အများကြီး ထည့်ထားတတ်ကြပါတယ်။
တစ်ချို့မှာ 𝐆𝐥𝐮𝐜𝐮𝐫𝐨𝐧𝐨𝐥𝐚𝐜𝐭𝐨𝐧𝐞 ပြင်းထန်ဓာတုဓာတ်တစ်မျိုး ပါပါတယ်။ ဒီဓာတ်တွေက သွေးထဲကို စိမ့်ဝင်ပျံနှံ့စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေကို အတက်အကျ မြန်မြန် ပြောင်းလဲစေပါတယ်။
❗အားဖြည့်အချိုရည်တွေကို ပုံမှန်သောက်နေရင်

  • အချိုဓာတ်တွေ လွန်ကဲလို့ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သွားကျန်းမာရေး ချို့ယွင်းခြင်း၊
  • ကဖင်းဓာတ်တွေ လွန်ကဲလို့ ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ သွေးပေါင်ချိန် ရုတ်တရက်တက်ခြင်း၊
  • ခေါင်းကိုက်ခြင်း၊ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊
  • ချွေးထွက်လွန်ခြင်း၊ အစာအိမ်ထိခိုက်ခြင်း၊ အန်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းတွေ ဖြစ်တတ်ပြီး ရေရှည်မှာ အာရုံစူးစိုက်နိုင်စွမ်းနဲ့ ကျောက်ကပ် လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်ပါတယ်။
  • အရိုးအဆစ်နှင့် သွားများအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ထုံးဓာတ်ကို အဟန့်အတား ဖြစ်ပါတယ်။
    🚨 အားဖြည့်အချိုရည်ကို အရက်နှင့် ရောသောက်မိရင် အသည်းကို ပိုပြီးထိခိုက်ပါတယ်။
  • စိတ်ကို လှုံ့ဆော်ပေးတဲ့ ဓာတ်တွေလည်း ပါတတ်တာကြောင့် တဖြည်းဖြည်းနဲ့ မသောက်ရ မနေနိုင်အောင် ဖြစ်တတ်ပြီး ဖြတ်ရခက်အောင် စွဲလမ်းသွားတတ်ပါတယ်။
  • ၁၈နှစ်အောက်နှင့် ကလေးငယ်တွေမှာ အူလမ်းကြောင်းကနေ အချိုဓာတ်နဲ့ ကဖင်းဓာတ်ကို စုပ်ယူမှုအားက လူကြီးတွေထက် ပိုကောင်းလို့ ဆိုးကျိုးတွေ ပိုစေနိုင်ပါတယ်။
    🚨 အားဖြည့်အချိုရည်တွေကို ဘယ်လိုလူမျိုးတွေ လုံးဝ မသောက်သင့်ဘူးလဲဆိုတော့
  • ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ အသည်းရောဂါ၊ နှလုံးအားနည်းတဲ့ ရောဂါအခံများရှိရင် ရှောင်ကြဥ်သင့်ပါတယ်။
  • ၁၈နှစ်အောက် ကလေး၊လူငယ်များ၊
  • ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊
  • အသက်အရွယ်ကြီးသူများ၊
  • ကဖင်းဓာတ်နှင့် မတည့်သူ၊ မသောက်သင့်ပါဘူး။
    ⚠️ အားဖြည့်အချိုရည်တွေဟာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ထက် ရေရှည်မှာ ဆိုးကျိုးတွေသာ ပိုပြီးဖြစ်စေဖို့ များနေပါတယ်။
  • တစ်လကို ၁၀ဘူးနှင့်အထက် သောက်သုံးနေရင် တစ်ချိန်မှာ ဆီးချိုရောဂါ အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ချေ များပြားတယ်လို့ သုတေသနများက ဆိုပါတယ်။
    ဒါကြောင့် အားဖြည့်အချိုရည်တွေ သောက်မယ့်အစား သဘာဝအတိုင်း တက်ကြွလန်းဆန်းအောင် ချဥ်တဲ့အသီးတွေ၊ အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေစားတာ၊ ဖျော်ရည်လုပ်သောက်တာ၊ရေများများသောက်တာ စတဲ့ အရာတွေကို ကြိုးစားလုပ်ဆောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။