ဆေးခန်းတွေသွားရင်ရိုက်ပေးနေတဲ့ ECGဆိုတာဘာလဲ?

အီးစီဂျီ (𝐄𝐂𝐆) ဆိုတာ နှလုံးအတွက် အခြေခံအကျဆုံးနဲ့ အလွယ်ဆုံး စစ်ဆေးနည်းတစ်ခုပါပဲ။

လူတော်တော်များများလည်း ဆေးခန်းသွားရင်း၊ ဆေးစစ်ရင်းနဲ့ 𝐄𝐂𝐆 ဆွဲဖူးကြမယ်ထင်ပါတယ်။

ထိုကဲ့သို့ ECG ဆွဲခြင်းကနေ တဆင့် ဘယ်အချက်တွေကို သိရှိနိုင်မလဲဆိုရင်

🔹နှလုံးခုန်နှုန်း/ နှလုံးစည်းချက်များ၊

🔹နှလုံးသွေးကြောပိတ်နေတဲ့ လက္ခဏာရှိ/မရှိ၊

🔹နှလုံးကြွက်သားပြဿနာများ (နှလုံးနံရံထူတာ၊ နှလုံးအတွင်းခန်း ကြီးတာမျိုး)၊

🔹နှလုံးလျှပ်စီးကြောင်းများ ပုံမှန်ရှိ/မရှိတို့ကို ရှာဖွေဖော်ထုတ်နိုင်ပါမယ်။

ဘယ်လိုလူတွေက ECGရိုက်သင့်လဲဆိုတော့🤔

ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်း၊ မောပန်းလွယ်ခြင်းစတဲ့ လက္ခဏာများရှိနေရင် အကြောင်းရင်းကို ရှာဖွေဖို့ စစ်ကြည့်သင့်ပါတယ်။🚨

နှလုံးဆေးတွေ သောက်နေရတဲ့သူ၊ နှလုံးစက်တပ်ထားသူတွေက ဆေးတွေ၊ စက်တွေရဲ့ အကျိုးရှိမှုတွေကို ပြန်ဆန်းစစ်ဖို့ 𝐄𝐂𝐆 ကို မကြာခဏ ပြန်စစ်နေရပါမယ်။🩺

မိဘမျိုးရိုးထဲမှာ နှလုံးရောဂါများရှိသူ၊ အသက်(၄၀)ကျော်သူများက နှစ်စဥ်ပုံမှန် ကျန်းမာရေးစစ်ဆေးရင်း 𝐄𝐂𝐆 စစ်သင့်ပါတယ်။🩺

𝐄𝐂𝐆 ဆွဲတာက ဘေးထွက်ဆိုးကျိုးလည်း မရှိ၊ နာကျင်မှုတွေလည်းမရှိတာကြောင့် အမြဲစစ်ဆေးပေးနိုင်ပါတယ်🩺

အထူးသတိထားရမယ့်အချက်က စစ်ဆေးနေချိန်မှာ သတ္တုနဲ့လုပ်တဲ့ ပစ္စည်းတွေ မဝတ်ထားရပါဘူးရှင်❌

ECG အမျိုးအစားပေါင်းများစွာရှိတာကြောင့် ကိုယ်နဲ့ကိုက်ညီမယ့် ECG အမျိုးအစားကိုသိနိုင်ဖို့ Health Point မှာရှိတဲ့ နှလုံးအထူးကု ဆရာဝန်ကြီးများ နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ် 👨‍⚕️

ကျန်းမာရေးစောင့်ရှောက်မှုတွေတိုင်းကို သမားတော်အထူးကုကြီးများနှင့် ဆွေးနွေးကုသပြီး အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့အတွက် 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗼𝗶𝗻𝘁 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗖𝗹𝗶𝗻𝗶𝗰ရှိနေပါတယ်။ 💁‍♀️

သမားတော်အထူးကုကြီးများနှင့်ပြသဖို့အတွက်

☎️Hot Line: 09880875220~21,09444099941 သို့ ဆက်သွယ်ပြီး ကြိုတင် Booking ယူလို့ရပါတယ်ရှင့်။

Related Blog