နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့သည် ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ (World Malaria Day ) ဖြစ်ပါသည်။
ငှက်ဖျားရောဂါသည် အသက်အန္တရာယ်ရှိသော ရောဂါတစ်မျိုးဖြစ်ပြီး ငှက်ဖျားပိုးသယ်ဆောင်ထားသော ခြင်ကိုက်ခြင်းမှတစ်ဆင့်ကူးစက်နိုင်ပါသည်။
အချိန်မရွေး အသက်အရွယ်မရွေး ကျား-မ မရွေး ငှက်ဖျားရောဂါကူးစက်နိုင်ခြေရှိပြီး မိုးတွင်းကာလဖြစ်သော မေလမှစက်တင်ဘာလအတွင်း ကူးစက်မှုအများဆုံးဖြစ်ပါသည်။
ငှက်ဖျားရောဂါ လက္ခဏာများမှာ
❗️ချမ်းတုန်၍အဖျားကြီးခြင်း၊ချွေးထွက်ခြင်း
❗️ခေါင်းကိုက်ခြင်း
❗️မောပန်းနွမ်းနယ်ခြင်း
❗️ဝမ်းဗိုက်မအီမသာဖြစ်ခြင်း
❗️ကြွက်သားနှင့်အဆစ်များကိုက်ခြင်း
❗️အစားအသောက်ပျက်ခြင်း
❗️အော့အန်ခြင်း
❗️ဂဏာမငြိမ်ဖြစ်ခြင်း တို့ခံစားရနိုင်ပါသည်။
ငှက်ဖျားရောဂါ ဘယ်လိုကာကွယ်မလဲ?
✅ခြင်ကိုက်မခံရအောင်ကာကွယ်ပါ။
✅တာရှည်ခံဆေးစိမ်ခြင်ထောင် သို့မဟုတ်
ရိုးရိုးခြင်ထောင် ဖြင့် အမြဲအိပ်ပါ။
✅တံခါးများနှင့် ပြတင်းပေါက်များကို ခြင်လုံဇကာများ တပ်ဆင်ပါ။ ညအခါတွင် လုံခြုံစွာပိတ်ထားပါ။
✅ခြင်မကိုက်သည့်လိမ်းဆေးများ (mosquito repellent)လိမ်းပါ။
✅သက်သာချောင်ချိသော အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ပါ။
✅ပတ်ဝန်းကျင်တွင် ရေမဝပ်အောင်၊ ရေစီးရေလာကောင်းအောင်ဆောင်ရွက်ပါ။
ငှက်ဖျားရောဂါသည် အလွယ်တကူ စစ်ဆေးသိရှိနိုင်ပြီး ကုသပျောက်ကင်းနိုင်သောရောဂါဖြစ်သောကြောင့်
ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူသင့်ပါသည်။
Soure:WHO Myanmar newslette



