ကမ္ဘာ့အဆုတ်ရောင်ရောဂါနေ့ ( world pneumonia day )

ယနေ့ November 12 ရက်နေ့သည် ကမ္ဘာ့အဆုတ်ရောင်ရောဂါနေ့ ( world pneumonia day ) ဖြစ်ပါသည်။

အဆုတ်ရောင်ရောဂါသည် ပိုးမွှားများ (ဘက်တီးရီးယား ၊ ဗိုင်းရပ်စ်နှင့် မှိုပိုး) ကူးစက်ခြင်းကြောင့် ဖြစ်ပွါးသော ရောဂါဖြစ်ပြီး ကူးစက်ရောဂါများတွင် အသေအပျောက်အများဆုံးရောဂါ(World’s largest infectious killer )ဖြစ်ပါသည်။

အသက်အရွယ်မရွေးဖြစ်ပွါးနိုင်ပြီး အသက် (၅) နှစ်အောက် ကလေးသူငယ်များနှင့် အသက် (၆)နှစ်အထက် လူကြီးများတွင်ဖြစ်ပွါးနိုင်ခြေအများဆုံးရောဂါဖြစ်ပါသည်။

2019 ခုနှစ်တွင် အဆုတ်ရောင်ရောဂါကြောင့် ကလေးသူငယ် 672,000 အပါအဝင် ကမ္ဘာ့လူဦးရေ 2.5 သန်းခန့် အသက်သေဆုံးခဲ့ပြီး ဖြစ်ပါသည်။

Covid-19 ကပ်ရောဂါသည်လည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ တစ်မျိုးဖြစ်ပြီး အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကြောင့် သေဆုံးနှုန်းမြင့်တက်လျက်ရှိပါသည်။

အဆုတ်ရောင်ရောဂါသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါတစ်ခုဖြစ်ပြီး ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကိုဖော်ပြပေးလိုက်ပါသည်။

Related Blog