ဗိုက်ခဏခဏအောင့်၊ လေပွပြီး စိတ်မကြည်မလင် ဖြစ်နေတာတွေက အစာမကြေလို့ဘဲလို့ ထင်နေလား? 🤔 တကယ်တော့ သင့်ရဲ့ “ဒုတိယဦးနှောက်” လို့ခေါ်တဲ့ အူလမ်းကြောင်းက အချက်ပြနေတာ ဖြစ်နိုင်ပါတယ်!
ကျွန်မတို့ရဲ့ အူလမ်းကြောင်းဟာ အစာချေဖျက်ဖို့ပဲမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိန်းချုပ်ပေးနေတဲ့ အရေးကြီးဆုံးနေရာတစ်ခုပါ။
🤔 အူလမ်းကြောင်းက ဘယ်လောက်တောင် အရေးကြီးလို့လဲဆိုရင်
ကျွန်မတို့ရဲ့ အူလမ်းကြောင်းထဲမှာ အကျိုးပြု ဘက်တီးရီးယား (သူငယ်ချင်းကောင်းလေးတွေ) နဲ့ အန္တရာယ်ပေးတဲ့ ဘက်တီးရီးယား (ရန်သူတွေ) ရှိနေပါတယ်။ ကျန်းမာတဲ့ အူလမ်းကြောင်းဆိုတာ ဒီ “သူငယ်ချင်းကောင်း” တပ်ဖွဲ့ အားကောင်းနေတဲ့ အခြေအနေပါပဲ။ သူတို့က:
😄 သင့်စိတ်ကို ပျော်ရွှင်စေပြီးစိတ်ချမ်းသာစေတဲ့ 𝐒𝐞𝐫𝐨𝐭𝐨𝐧𝐢𝐧 ဟော်မုန်း 𝟗𝟎% ကျော်ကို အူလမ်းကြောင်းမှာ ထုတ်လုပ်တာပါ။
✨ အသားအရေကို ကြည်လင်စေတယ်ပါတယ်။
အရေပြားပြဿနာတွေက အူလမ်းကြောင်း မကောင်းတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
💪 ကိုယ်ခံအားကို မြှင့်တင်ပေးတယ်။(ခဏခဏဖျားနာတာ၊ နေမကောင်းဖြစ်တာတွေက အူလမ်းကြောင်းက သူငယ်ချင်းကောင်းတွေ အားနည်းနေလို့ပါ။)
⚡️ စွမ်းအင်ကို ပြည့်ဝစေပါတယ်။ အမြဲတမ်းမောပန်းနေတာက အာဟာရစုပ်ယူမှု မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။
အူလမ်းကြောင်းကောင်းမွန်ဖို့အတွက် ဒိန်ချဉ်၊ ကင်မ်ချီလို 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 များတဲ့ အစားအစာတွေစားပါ။
ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အစေ့အဆန်တွေ များများစားပြီး အမျှင်ဓာတ်ဖြည့်ပါ။
စိတ်ဖိစီးမှုကို လျှော့ချပြီး အိပ်ရေးဝဝအိပ်ပါ။
သင့်ရဲ့ အူလမ်းကြောင်းလေးကို ဂရုစိုက်ဖို့ အချိန်တန်ပါပြီ။
Address (1): Air Cargo Terminal, Near Htan Pin Kone Bus-Station, Pyay Road
Mingalardon Township, Yangon, Myanmar.
Hot Line: +95 1 764 0294~95, +95 9 444 099 9941~42
Address : Hledan Center, No.3C/ 3D, Room-06, Ground Floor, Corner of Pyay
and Hledan Road, Kamayut Township, Yangon, Myanmar.
Hot Line: +95 9 444 099 941, +95 9 880 875 220~21
Mail to : customerservice@healthpoint.com.mm