မြန်မာနိုင်ငံတွင်းမှာ မိုးတွင်းဝင်လာချိန်ဆို သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရာခိုင်နှုန်းအများဆုံးဖြစ်ပြီး၊ အသက်အန္တရာယ်ရှိတဲ့ အဆင့်ပါ ဖြစ်လာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက နှစ်စဉ်နှစ်တိုင်း သတိပေးတတ်ကြပါတယ်။
သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များသော ရောဂါဖြစ်ပြီး အထူးသဖြင့် မေလ မှ စက်တင်ဘာလအတွင်း ဖြစ်ပွားလေ့ရှိပါတယ်။ အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ပါသည်။ အများအားဖြင့် အသက် ၅ နှစ် မှ ၁၄ နှစ်အတွင်း ကလေးငယ်များတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခြင်မကိုက်အောင် ကာကွယ်တာနဲ့ ခြင်ပေါက်ပွားမှုကို ထိန်းချုပ်တာပါပဲ။
ခြင်ဆေးလိမ်းပါ။
အပြင်ထွက်တဲ့အခါ ခြင်မကိုက်အောင် ခြင်ဆေးလိမ်းတာ၊ ခြင်ပြေးဆေးဖြန်းတာတွေ လုပ်ပါ။
အဝတ်အစား ဂရုစိုက်ပါ။
လက်ရှည်၊ ခြေရှည်အဝတ်အစားတွေ ဝတ်ဆင်ပြီး ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ။
ခြင်ထောင်နဲ့အိပ်ပါ။
ညအိပ်တဲ့အခါ ခြင်ထောင်နဲ့အိပ်ပါ။ နေ့ဘက်မှာလည်း ခြင်ကိုက်ခံရနိုင်တာမို့ သတိပြုပါ။
ခြင်ပေါက်ပွားရာနေရာတွေ ဖျက်ဆီးပါ။
ရေဝပ်နိုင်တဲ့ ပုံး၊ ဘူး၊ ပန်းအိုးအောက်ခံခွက်၊ တာယာဟောင်း စတာတွေကို မှန်မှန်ရှင်းလင်းပါ။ ရေစည်တွေ၊ ရေအိုးတွေကိုလည်း လုံခြုံစွာ ဖုံးအုပ်ထားပါ။
ခြင်ဆေးဖျန်းခြင်း။
လိုအပ်ရင် အိမ်တွင်း၊ အပြင် ခြင်ဆေးဖျန်းခြင်းတွေ လုပ်ဆောင်ပါ။
သွေးလွန်တုပ်ကွေးမှာ ခြင်ကိုက်လို့ ဖြစ်ရတာမို့ ခြင်မကိုက်ဖို့ စီစဉ်နိုင်ရင် ရောဂါ ကာကွယ်ပြီးသား ဖြစ်လို့ အထက်ပါနည်းအတိုင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။