သိထားစရာ အတက်ရောဂါ

🧠တက်ခြင်းဆိုသည်မှာ ဦးနှောက်အတွင်းရှိ လျှပ်စီးကြောင်းများ ရုတ်တရက်မူမမှန်ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းကာ တုန်၍သတိလစ်သွားခြင်းဖြစ်ပါတယ်။

🧠၂၄ နာရီခြား၍ အနည်းဆုံး (၂)ကြိမ်နှင့် အထက် တက်လျှင် အတက်ရောဂါ လို့သတ်မှတ်ပါတယ်။

🧠အတက်ရောဂါသည် ကုသ၍ရသော ဦးနှောက်နှင့်အာရုံကြောရောဂါတစ်ခုဖြစ်ပါတယ်။

❗️ဒီလိုအခြေအနေတွေမှာဆိုလျှင်…..

☑️ပထမဆုံးအကြိမ် တက်ခြင်း ခံစားရလျှင်
☑️တက်သည့်အချိန် ၅မိနစ်ထက်ကြာနေလျှင်
☑️အတက်ရပ်ပြီးနောက်ပိုင်း အသက်ရှူရခက်ခြင်း ၊သတိလစ်ခြင်းများရှိနေလျှင်
☑️အတက်ကျပြီး မကြာမီ ဒုတိယအကြိမ် ပြန်တက်လျှင်
☑️ကိုယ်ပူချိန်အလွန်အမင်းများနေလျှင်
☑️ကိုယ်ဝန်ဆောင်သည်၊ဆီးချိုရောဂါသည်များ တက်လျှင်
☑️တက်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရခဲ့လျှင်

ဆရာဝန်နဲ့ အရေးပေါ်ပြသဖို့လိုအပ်ပါတယ်။

💪ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးစွမ်းနိုင်ရန် အစဉ်မပြတ်ကြိုးစားလျက်………………..🤍

အသေးစိတ်သိရှိလိုပါက –
☎️Hot Line : +95-9-444099941~42,+95-1-7640294~95
☎️Hot Line : +95-9-880875220~21, +95-1-2304422