အဝလွန်ခြင်းနှင့် ကျန်းမာရေး

❗️အဝလွန်ခြင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်ပြီး အသက်အရွယ်မရွေး သက်ရောက်မှုရှိသော ရောဂါတစ်ခုဖြစ်ပါတယ်။
❗️အဝလွန်ခြင်းသည် ဖွံဖြိုးဆဲနိုင်ငံများတွင် တဖြည်းဖြည်းတိုးတက်များပြားလာလျက်ရှိပြီး နောက်ဆက်တွဲရောဂါများ ခံစားနေရပါတယ်။

❓အဝလွန်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင် အဆီများ ပုံမှန်ရှိသင့်သည်ထက် အလွန်အကျွံစုပုံလာခြင်းဖြစ်ပါတယ်။

❓အဝလွန်ခြင်းဖြစ်စေသည့်အကြောင်းအရင်းများမှာ
▪️မျိုးရိုးဗီဇ
▪️နေထိုင်စားသောက်မှုပုံစံ
( ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများ ၊ လှုပ်ရှားမှုနည်းခြင်း၊ အအိပ်နည်းခြင်း၊အိပ်ရေးပျက်ခြင်း)
▪️ဟော်မုန်းအပြောင်းအလဲ
▪️ကျန်းမာရေးပြဿနာအချို့
▪️ဆေးဝါးအချို့နှင့်
▪️လူမှုစီးပွါးပြဿနာအချို့ တို့ကြောင့် အဝလွန်တတ်ပါတယ်။

❗️အဝလွန်ခြင်းဖြစ်နေပါက ဖြစ်ပွါးလာနိုင်သည့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများမှာ
🔺နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ
🔺သွေးတိုးရောဂါ
🔺လေဖြတ်ရောဂါ
🔺ဆီးချိုရောဂါ
🔺အရိုးကျီးပေါင်းရောဂါ
🔺အိပ်နေစဉ်အသက်ရှူရပ်ခြင်း(OSA)
🔺သည်းခြေနှင့်ပတ်သက်သောရောဂါများ
🔺မျိုးဆက်ပွါးပြဿနာများနှင့်
🔺ကင်ဆာအမျိုးမျိုး ဖြစ်ပွါးနိုင်ပါတယ်။

အထက်ပါ မကူးစက်တတ်သောရောဂါများအပြင်

🔺စိတ်ပိုင်းဆိုင်ရာ ကျန်မားရေးပြဿနာများလည်း

ထိခိုက်နိုင်ပါတယ်။

✅သို့သော် အဝလွန်ခြင်းနှင့်နောက်ဆက်တွဲကျန်းမာရေးပြဿနာများသည် ကာကွယ်နိုင်သည့်ရောဂါများဖြစ်ပါတယ်။

✅ကျန်းမာသောနေထိုင်စားသောက်မှုပုံစံကျင့်သုံးခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ်လက်လှုပ်ရှားခြင်း တို့ဖြင့် အဝလွန်ခြင်းရောဂါကိုထိန်းချုပ်နိုင်ပါသည်။

✅လိုအပ်ပါက ဆရာဝန်များ၊အာဟာရပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးကုသခြင်းဖြင့် အဝလွန်ခြင်းနှင့်နောက်ဆက်တွဲရောဂါများကို ကာကွယ်နိုင်ပါ​ကြောင်း ဖော်ပြလိုက်ပါတယ်။

☑️အဝလွန်ခြင်းရှိမရှိ တွက်ချက်ရန်

✔️BMI တွက်နည်း

https://m.facebook.com/story.php?story_fbid=pfbid023NQv4jsQMmihvV89zRHWSwZ4XHv9SthjweWwsysqvcGam4bkft88QbWKhBMBqdiNl&id=103594631748896

✔️Waist to Height ratio တွက်ရန်

Waist to Height Ratio Calculatorhttps://www.omnicalculator.com › health › waist-height…

ref : mayoclinic.org & worldobesityday.org

Related Blog