𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ခြင်းအကြောင်း

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်တယ်ဆိုတာ အသံလှိုင်းများကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေကို ပုံရိပ်ဖော် စစ်ဆေးသည့် နည်းပညာတစ်ခုဖြစ်ပါတယ်။✅

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐧𝐝 ဘာလို့ရိုက်တာလဲ။❓

များသောအားဖြင့် ရောဂါရှာဖွေရာမှာ အထောက်အကူဖြစ်စေဖို့ ရိုက်လေ့ရှိကြပါတယ်။

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ကို ကိုယ်ဝန်ဆောင်ချိန်၊ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ရောဂါများ၊ အမျိုးသမီးရောဂါများ၊ အမျိုးသားရောဂါများ၊ ရင်သား၊ လည်ပင်းသွေးကြောများ၊ မွေးကင်းစကလေးများ၊ စတဲ့ ကုသမှုဆိုင်ရာ အထောက်အကူဖြစ်စေရန် အများဆုံး အသုံးပြုကြပါတယ်။💁‍♀️

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 အမျိုးအစားတွေကို အဓိကအားဖြင့်

💕𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 (အရေပြားပေါ်ကနေ စစ်ဆေးခြင်း)

💕𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 (ခန္ဓာကိုယ်အတွင်းသို့ ကိရိယာထည့်သွင်း၍ စစ်ဆေးခြင်း)

💕𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐢𝐜 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 (မှန်ပြောင်းနှင့် 𝐮𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ကို ပေါင်းပြီး စစ်ဆေးခြင်း)

💕𝐃𝐨𝐩𝐩𝐥𝐞𝐫 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 (သွေးကြောများအတွင်း သွေးစီးဆင်းမှုကို စစ်ဆေးခြင်း)

💕𝟑𝐃 နှင့် 𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 (ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသား၏ သုံးဘက်မြင် ရုပ်ပုံ (𝟑𝐃) နှင့် လှုပ်ရှားမှုများ (𝟒𝐃) ကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ဖို့ စစ်ဆေးခြင်း) စသဖြင့် ခွဲခြားနိုင်ပါတယ်။

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်မယ်ဆိုရင်✨

☑️ဝမ်းဗိုက်အပေါ်ပိုင်း (အသည်း၊ သည်းခြေအိတ်) အတွက် စစ်ဆေးမှုမပြုလုပ်မီ ၈ နာရီမှ ၁၂ နာရီအတွင်း အစာရှောင်ရန်။

☑️တင်ပါးဆုံတွင်း (ဆီးအိမ်၊ သားအိမ်၊ သားဥအိမ်၊ ဆီးကျိတ်) အတွက် စစ်ဆေးမှုမပြုလုပ်မီ ရေသောက်၍ ဆီးအိမ်တင်းနေစေရန်။

☑️အခြားနေရာများအတွက် သက်သောင့်သက်သာရှိသော အဝတ်အစားများကို ဝတ်ဆင်သွားရန် လိုအပ်ပါတယ်။

𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ခြင်းဟာ 𝐗 𝐑𝐚𝐲 လိုမျိုး ဓာတ်ရောင်ခြည်သင့်စေနိုင်တဲ့ အန္တရာယ်မရှိတာကြောင့် ကျန်းမာရေးအတွက် ဘေးကင်းပြီးစိတ်ချရပါတယ်။ 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှာလည်း သင်တို့ရဲ့ ကျန်းမာရေးအတွက် ရောဂါရှာဖွေရာမှာ စိတ်ချရပြီး ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့ 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ဝန်ဆောင်မှုကို ရရှိနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေရှင့်။🤩

Related Blog