💪ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိုင်သော အစားအစာများအကြောင်း (Part 2)

ကျန်းမာပျော်ရွှင်စွာနေထိုင်ရင်း Covid – 19 မျိုးကွဲများနှင့် ရာသီတုပ်ကွေးဖျားနာခြင်းများကို ကာကွယ်တားဆီးနိုင်ဖို့အတွက် ယနေ့မှာတော့ ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်တဲ့အစားအစာလေးတွေအကြောင်းကို ထပ်မံဖော်ပြပေးလိုက်ပါတယ်…

🍋 Citrus Fruits 🍊
ဗီတာမင်စီဓာတ်များစွာရရှိနိုင်တဲ့ လိမ္မော်သီး ၊ ကျွဲကောာသီး ၊ကမ္ဗလာသီး၊ သံပုရာသီးနဲ့ စပျစ်သီးတွေ စားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်စေပြီးရောဂါပိုးမွှားများကိုတားဆီးနိုင်မှာဖြစ်ပါတယ်။

🧄 ကြက်သွန်ဖြူ 🧄
ကြွက်သွန်ဖြူမှာပါဝင်တဲ့ Alliin ဓာတ်က သွေးဖြူဥများရဲ့လုပ်ဆောင်ချက်များကို မြှင့်တင်ပေးပြီး တုပ်ကွေးနှင့် ဗိုင်းရပ်စ်ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

🌱 ဟင်းနုနွယ် 🥗
ဟင်းနုနွယ်မှာ ပါဝင်တဲ့ Beta Carotene နဲ့ Folate ဓာတ်တွေက ရောဂါပိုးမွှားများကို တိုက်ထုတ်ပြီး ကိုယ်ခံအားကောင်းစေပါတယ်။

🥛ဒိန်ချဉ်🐮
ဒိန်ချဉ်မှာ ပါဝင်တဲ့ probiotics တွေက အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေပြီး Calcium နဲ့ Vitamin များစွာရရှိနိုင်ပါတယ်။

🌻 နေကြာစေ့ ☀️
နေကြာစေ့မှရရှိတဲ့ Selenium ဓာတ် က ကိုယ်ခံအားစနစ် ကို လှုံ့ဆော်ပြီး ကိုယ်ခံအားကောင်းမွန်စေပါတယ်။

အထက်ပါဖော်ပြပေးထားတဲ့ ဗီတာမင်နှင့်သတ္တုဓာတ်တွေကြွယ်ဝတဲ့ အစားအစားတွေကိုသင့်တင့်မျှတစွာစားသုံးခြင်းက ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ရောဂါပိုးမွှားများကို တိုက်ထုတ်စေနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ခွန်အားရှိစေနိုင်တဲ့ အစားအစာလေးတွေကိုစားသုံးပြီး ပျော်ရွှင်ကျန်းမာတဲ့ဘဝလေးတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့အတွက် Health Point Specialist Clinic မှ အမျိုးစုံလှတဲ့ Medical Checkup Package လေးတွေပါ စီစဉ်ပေးထားတာမို့ Page Messenger လေးကနေ သိချင်တာလေးတွေမေးမြန်းလို့ရပါပြီရှင်🤍

💪ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးစွမ်းနိုင်ရန် အစဉ်မပြတ်ကြိုးစားလျက်………………..🤍

Related Blog